နားလည်နိုင်မလား

ပြီးဆုံးခဲ့ပြီ ဇာတ်လမ်းတစ်ပုဒ် မင်းနဲ့တို့ရဲ့ အချစ်တွေဟာ
ကြွေပြီ ပန်းကလေးတစ်ပွင့်လို ရင်မှာလောင်ကျွမ်းသွား
အတိတ်ကအရိပ်တွေ ငါမေ့မရမင်းနဲ့ တို့နှစ်ယောက်ဝေးကွာစဉ်
ရင်ခုန်ခြင်းရဲ့လိပ်ပြာ ရင်မှာသေဆုံးသွား မနက်ဖြန်များစွာလည်း
ငါ့အတွက် အသက်မဲ့လွန်းခဲ့ပြီး ကွဲနေတဲ့ ငါ့အသည်း
ဘာနဲ့ အစားထိုးကုရမလဲ

မင်းပြန်ပြီးတော့ နားလည်နိုင်မလား အချစ်ရေ
အတိတ်ကတို့ရဲ့ ဇာတ်လမ်းလေးကို ပြန်အသစ်စခွင့်ကိုပေး
အလွမ်းရဲ့လမ်းပေါ် တို့ကိုချန်ပြီးမထားနဲ့
အထီးကျန်မျက်ရည်တွေ မစွန်းထင်းဖို့
ချန်မထားရစ်ခဲ့ပါနဲ့... ထားဝရ ချစ်ရသူရယ်

နမ်းရှိုက်ဖူးတဲ့ နှုတ်ခမ်းလေး နှလုံးသားထက်မှာ ငြိတွယ်နေ
ဘယ်လိုမေ့ပစ်ရမယ် ငါလေ မတွေးရဲ
တွဲခဲ့ဖူးတဲ့လက်များလည်း တစ်ယောက်တစ်ဖက် လှမ်းကွာသွားစဉ်မှာ
ရှင်သန်ခြင်းရဲ့ ၀ိညာဉ်ရင်မှာ ရပ်ဆိုင်းသွား
အိပ်မက်များစွာလည်း မင်းပုံရိပ်တို့ငြိတွယ်ဆဲ
မင်းကိုမေ့နိုင်ဖို့ ငါလေကြိုးစားလို့မရဘူး

မာတိကာ သို့ .....