လွမ်းသူအကြောင်း

မိုးစက်ကလေးများ ငါ့အပေါ် ခုန်ဆင်းရင်း
အို တို့နှစ်ယောက်ရဲ့ အတိတ်ကို သယ်ခဲ့ပြီ
ငါ့ဘ၀ရဲ့ အကြောင်းတွေ ပြန်တွေးရင်း မေ့မရခဲ့ဘူး
ငါ မိုးစက်များရဲ့ အောက်မှာ ပျော်ခဲ့သမျှ
အလွမ်းများလည်း မိုးမှာ နင် ပေးတယ်
တဖြည်းဖြည်း ဝေးရင်း အတိတ်ဟာ အစီအစဉ်မဲ့ မိုးသည်းထဲ

ရင်မှာ ပူနေသော အလွမ်းတွေ
မိုးစက်များ နှစ်သိမ့်ပေးတောင် ပျယ်လွင့်မသွားဘူး
မလိုချင်သော ဒီ အလွမ်းတွေ
မိုးများထဲ နှုတ်ဆက်ခွဲခွာ ချန်ရစ်သွားသူ
ဒီဘ၀ .... ဒီဘ၀ ..... ဒီဘ၀ ..... ဒီဘ၀ .....

အို ဆုံတွေ့ဖူးတဲ့ အတိတ်မှာ အင်အားနဲ့
နွေးထွေးလွန်းသော အချစ်တွေ နင်ပေးခဲ့
ပျောက်ပျက်သွားမယ် မသိအောင် ရင်ခုန်ရင်း မိုးသည်းထဲ

လှည့်ကြည့်လိုက် အချစ်ရေ ဒီမိုးထဲ
ရက်စက်သော အိပ်မက်တွေ နင်ပေးတယ်
အေးစက်တော့မယ့် အနမ်းတွေ ဒီ အချိန်ထိ မဟောင်းသေးဘူး

မလိုချင်သော ငါ့ အလွမ်းတွေ
မိုးစက်များ ဆေးကြောပေးတောင် ဖြူစင်မသွားဘူး
မလိုချင်သော ဒီ အလွမ်းတွေ
နှလုံးသားထဲ နေ့ရက်များစွာ ထင်ကျန်ခဲ့ပြီ
ဒီဘ၀ .... ဒီဘ၀ ..... ဒီဘ၀ ..... ဒီဘ၀ .....

မိုးရေထဲ .... မေ့မရဘူး ..... မေ့မရဘူး .....

Download Here !!!
မာတိကာ သို့ .....