မခူးကြေး

မကြာခင်မှာ တို့နှစ်ယောက် အရမ်းပဲ ချစ်တော့မယ်
ရည်စားဖြစ်ဖို့ (၅) မိနစ် လိုပါတော့တယ်
အားလုံးဝိုင်းပြီး ပြောလည်းကွယ် / ပြောကြလည်း
ခေါင်းမငုံ့ချင်တယ် ခေါင်းလည်း မရမ်းချင်ခဲ့ / ဘူးကွယ်

ဒီပန်းလေး ပွင့်ခဲ့ပေမယ့် တို့ မခူးကြေးကွယ်
ဒီလမ်းလေး ရှိပေမယ့် တို့ မနင်းကြေးကွယ်

အချစ်ဆိုတဲ့ အရာကို အချစ်လို့ မပြောရင်လည်း
နှလုံးသားလေးက သိပ်ချစ်မှာပဲ
မခူးခဲ့သော နှင်းဆီများ တို့ရင်ထဲ မွှေးပျံ့သွား
ပိုင်ဆိုင်ရမှ အချစ် မဟုတ်ဘူးကွယ် အိုး ... ရေး ...

အနားက ခွဲမသွားပါနဲ့ မပြောဘဲ နားလည်
သူများလည်း ပေးမချစ်နိုင်ခဲ့ စိတ်ထဲက တားမြစ်တယ်

မကြာခင်မှာ တို့နှစ်ယောက် သိပ်ချစ်တော့မယ်
အားလုံး ၀ိုင်းပြီး ပြောကြတာပဲ အိုး ... ရေး ...
ဟန်ဆောင်ကာ သိမ်းဆည်းထားတဲ့ အချစ်တွေ
နှလုံးသားလေးက သိခဲ့တဲ့ပဲ အို ... ရေး ...
တစ်ခြားလူ ဦးမှာကိုလည်း ကြောက်တယ်
ခူးဆွတ်လည်းလေ မပန်ချင်ခဲ့
တကယ်ဆို တို့နှစ်ယောက် အဖြစ်က မခူးကြေး အချစ်တွေနဲ့

အိုး ... ရေး ... ခေါင်းမငုံ့ချင်ခဲ့ ခေါင်းလည်း မရမ်းချင်ဘူးကွယ်

မာတိကာ သို့ .....