ရင်ဆိုင်ကြစို့

ကြင်နာသူရေ သည်ကမ္ဘာပေါ်မှာ မင်းတစ်ယောက်အတွက်
ကိုယ့်အချစ်စိတ်နဲ့ သာယာစေချင်တယ်
မကြည်မလင်မြင်နေတာတွေ မေ့ပစ်ခဲ့
ကိုယ့်အချစ်မင်းထက် သာယာစေမယ်

ယုံကြည်တယ်ဆို ခိုင်ခိုင်မာမာ ကိုယ့်လက်တွဲ
ကြားစကားများ နားသို့ဝင်မလာစေနဲ့ ထင်မြင်တာတွေ
တစ်ခါတစ်ရံမှာ လွဲမှားလည်း ကောင်းအတူဆိုးဖက် တိုင်ပင်မယ်

ကြင်နာသူ မင်းစိတ်မှာ အမြဲသတ္တိရှိစေချင်တယ်
ခင်တွယ်သူ မင်းကလေး အနားမှာရှိရင်ကွာ
ဒုက္ခတွေ စိတ်ညစ်တာတွေ ဖျောက်ဖျက်နိုင်တယ်

ရည်ရွယ်သူရေ ဒီအချိန်မှာ သွေးမကွဲနဲ့
ချစ်သူစိတ်ဓာတ် ခိုင်မာစေချင်တယ် တစ်ချိန်ချိန်မှာရင်ဆိုင်လာမယ်
နှစ်ယောက်ဘ၀အတွက် အားသစ်မွေးစမ်းပါချစ်သူရယ်

တွယ်တာတာကို ရင်မှာသိုကာ သိမ်းမထားနဲ့
အတွင်းတိုက်ပွဲကြောင့် အပြင်မှာ သေနိုင်တယ်
တည်တည်ငြိမ်ငြိမ် ပီပီပြင်ပြင်လှမ်းထွက်ခဲ့
ကမ်းတဲ့လက်နဲ့ ကြိုဆိုနေမယ်

မာတိကာ သို့ .....