မင်းခမ်းမင်းနား

နှစ်ကျိပ်ရှစ်ဆက် မဟာဝင်သည်၊ အတိတ် အဖြစ်အပျက်နဲ့ ကမ္ဘာတွင်သည်၊
ဘယ်ရာဇာပင်မစံမြန်း မန်းရွှေမြို့ပြည်၊ သုံးသိန်းသုံးသောင်းကိုးထောင်ငယ်
ရှေးအတိတ်အဖြစ်အပျက်နဲ့ အကိုးအကားတင်သည်၊
အုတ်ကျစ်ကျော်အေး မန္တလေး နေပြည်၊ လေးဆယ်ရှစ်ဆောင်
ဘုန်းရောင်မဆုံးအောင်၊ ကျုံးတော်ပတ်လည်၊ မင်းမဲ့တိုင်းပြည်
နန်းတော်တစ်ခုသာ ရှုစရာကျန်ပါတော့သည်။
သံပြိုင်။ ။ မော်ကွန်းတည်ကာကြို့တဲ့ ရွှေမန်းမြို့တော် ရတနာပုံတည်၊
မြန်မာဂုဏ်ရည်၊ ဘုန်းတော်ရှင် ကျုံးတော်တွင် ရေကင်းမောင်းလှည့်လည်။
နန်းတော်ရှေ့ဆရာတင်၊ နန်းတော်စမုတ်ခံ ထုတ်ပြန်ရွေးခြယ်လှယ်ပြသည်၊
မကြည်အောင် မိခင်ဘခင်ဘိုးအေဘွားအေမှီခဲ့သည်၊ စီးကျမျက်ရည်၊
ရွှေနန်းတော်တိုင်ကိုသာမှီခါမျှော်မိသည်၊
ရေနာရီရွှေဗဟိုရ်စည်သံ မကြည်အောင်ပျော်မိသည်။
သံပြိုင်။ ။ မော်ကွန်းတည်ကာ…………………ရေကင်းမောင်းလှည့်လည်။
(သေလဠ ဆယ်ခြောက်ပြည်ထောင် - ရခေါင်ကတည်၊
တွေးလို့မဆုံး ကုန်းဘောင်ဆက်ကို အောက်မေ့သည်) ၂ ၊
အို ဝေစီစီအုံ့မှိုင်းရီ၊ မြင့်မိုရ်စကြာဝဠာထက်အာကာအရိမေတ္တေယျ
အလောင်းတော်အကြောင်းမျှော်ရှုမိသည်။
သံပြိုင်။ ။ မော်ကွန်းတည်ကာ……………..ရေကင်းမောင်းလှည့်လည်။
ကြာလေဆွေးလေ တွေးလေလွမ်းသည်၊ တောင်ကျွန်းဒက္ခိဏ
မဟာဇဗ္ဗူတည်၊ မညှိုးပါ မျိုးမြန်မာတိုင်းပြည်။

မာတိကာ သို့ .....