လွန်ဆန်ဖို့ မအောင်မြင်ဘူး

ငါ စိတ်တိုင်းကျ ငါ့ကားနဲ့ ကိုယ်တိုင် နှင်မောင်း ဘ၀လမ်းထဲ
တိမ်လို ရွက်လွင့် ပေါ့ပါးဆဲ ငါ မတွယ်ငြိဘူး အချစ်ကြိုးနဲ့

ရင်ခုန်ခြင်းရဲ့ အကွေ့လမ်းထဲ ငါ ဘယ်လို ကျွံပြီး ၀င်မိခဲ့
ကြင်နာခြင်း အပြည့် နွံတောထဲ အလိုလို ၀င်တိုးနစ်မွန်းခဲ့

ငါ ပြန်ကြည့်မှ တစ်ကိုယ်လုံး နစ်မြုတ်ခဲ့ပြီ

အချစ်စိတ် လွန်ဆန်ဖို့ မအောင်မြင်ဘူး ပြန် နှုတ်မရ အချစ်ဆူး

ငါစိတ်တိုင်းကျ ငါ့ကားနဲ့ ကိုယ်တိုင် နှင်မောင်း ဘ၀လမ်းထဲ
ကြင်နာခြင်း အပြည့် နွံတောထဲ အလိုလို ၀င်တိုး နစ်မွန်းခဲ့

မငြိုငြင်ဘူး ဒီ ဘ၀ကြီး လိုရင် မင်းယူ ကြိုက်သလို
ပူလောင်လည်း ဒီ အချစ်မီး ငါ ၀င်တိုး ဖလံပိုးများလို

အချစ်စိတ် လွန်ဆန်ဖို့ မအောင်မြင်ဘူး ပြန် နှုတ်မရ အချစ်ဆူး
မီးထဲ ပူလောင်လည်း ပျော်ဝင်မိ ဇွတ် တိုးပြီး ချစ်မိ
အချစ်စိတ် အရူးစိတ် အချစ်စိတ် ဇွတ် ချစ်မိ
အချစ်စိတ် လွန်ဆန်ဖို့ မအောင်မြင်ဘူး ပြန် နှုတ်မရ အချစ်ဆူး

မာတိကာ သို့ .....