လမ်းပျောက်သူ

ရင်ဆိုင်ခဲ့ ဘ၀ တိုက်ပွဲတွေ
အကြိမ်တိုင်း အမြဲလိုသာ ရှုံးခဲ့
ပြင်ဆင်ဖို့အတွက် အချိန်ရှားပါးခဲ့
ငါ သင်ကြားဖို့ အသိဉာဏ်ရယ် အားနည်း

ဘ၀က စွန့်စားခြင်းတဲ့လား
အချိန်တိုင်း လူ့သမိုင်းများ ရေး
အစွမ်းအစ သတ္တိ နည်းလွန်းတော့/ မရှိလို့လား
အမြဲတမ်း လမ်းတွေ/ များ ပျောက်ရှဆဲ

ခေတ်နောက်ကျတဲ့ အတွေးနဲ့
အချိန်စီးကြောင်းထဲ နစ်မျော
တစ်သက်လုံး မှားနေဦးမလား
မြင်ကြည့်လိုက် အဖေရေ ကျွန်တော့်ဘဝ

လူသားတိုင်း ဘ၀အတွက် စွန့်စားကြ
လူ့သမိုင်းကို အချိန်တိုင်း ရေး
ငါကျတော့ စွန့်စားကြည့်လိုက်တိုင်း
အခုထိ လမ်းပျောက်ဆဲ
ငါ့ဘ၀ တွေးမိတိုင်း
ကံတရာနဲ့ အကြိမ်တိုင်း ဝေး
အစွမ်းအစ သတ္တိ နည်းလွန်းတော့
အမြဲတမ်း လမ်းတွေ ပျောက်ရှဆဲ
မာတိကာ သို့ .....