သုံးရွေ့လယ်

ဗဟိုနဂရာမှာဖြင့် မဆိုကြာမြင့် အို သာတင့် ဆုံးရယ်က သုံးရွေ့လယ်၊
မုန်းပေမယ်ဆိုပြန်တော့လဲ အော်မှားတာပေါ့၊ ခေတ်ကြီးပြောင်းလဲနောင်စပါယ်ရှယ်၊
နန်းတော်ရှေ့ စာတန်း ဆန်းတာတွေရွေးပါလို့ ရေးနေတယ်၊ ကလေးတွေကွယ်၊
သာလို့ ဝေးကြတာပေါ့ကြာဆို ရေးပေးပါဆို ရေးပေး
စကားအသေးနဲ့ရေးမှ အားလုံး နားလည်မယ်။
မုန်းပေမယ်၊ စခန်းမကွာလှပါဘူး သုံးရွေ့လယ်ဆို ထိုနန်၊
ဘမရာသန မှာတော့ ခန်းကြာကြွ (ဆောင်ဆောင်ဗွေဝယ်) ၂ ၊
ထောင်ရောင်နေကမှ အဖိုးတန်တာမလွဲ အဖ မောင်မောင်ဘေတို့ရဲ့ အရိုးခံပါဘဲ နှလုံးမွေ့စဖွယ်။
ထုံးဓလေ့သွယ်၊ (သုံးရွေ့လယ်) ၂ ၀ယ်၊ အို မှူးတော်မတ်တော် ဆွေတော် မျိုးတော်ရှေ့ဝယ်၊
ကရပါတဲ့ မင်းသမီးစုံအလယ်၊ သီချင်းကြီးကမှ ဂုဏ်ထည်ပါတယ်၊
အဲဒီအခါဝယ်၊ ဆရာဇံ ဆရာဘေကြီးတို့က သိုင်းနဲ့ ကျိုင်းနဲ့ ၀ိုင်းဖွဲ့ကာရယ်၊ မြင်စေချင်တယ်၊
ရွှေနန်းတော်မှာ ကကြတာကွယ်၊ မကြည်အောင် မြင်ချင်လွန်းလို့ လွမ်းပါဘိကွယ်၊
ညွန်းဇာတိနွယ်၊ ပန်းမြိုင်လယ်ဆိုတာ ခုလို က အားလုံးပြန်ကြလိမ့်မယ်။
ဟယ် ရှက်တယ် ဘယ့်နှယ်၊ ဘယ်လိုဘဲဖြစ်ဖြစ်သဘင်ကို၊ ပစ်မကွယ်၊ ထင်သလို ဖြစ်တယ်၊
အရင်လိုဖြင့် ခေတ်မလယ်၊ (ပစ်မယ်) ၂၊ ဆိုဆိုပြီးတော့ ထမင်းရေးအတွက်ကွယ်
သီချင်းကလေးနဲ့ ဖက်ရပြန်တယ်၊ (ကြည်အောင်ဆိုစမ်းမယ်) ၂ ၊
ဆန်းပြန်ပါပေတယ် (နန်းဆန်ပါပေတယ်) ၂ ၊ ဆန်းပြန်ပါပေတယ်၊
ကာလတီးလုံးသာဆိုတယ်၊ သီချင်းကြီးထဲက လွဲနိုင်ခဲပါတယ်။ ပုံပမာစုံသာမြိုင်လယ်၊
သဘင်ရယ် ခင်တယ်၊ ကြည်အောင်ရယ်၊ ကောင်းလွန်းလို့ဆိုစေချင် ဆိုစေချင်တယ်၊
ဆိုဆို ဆရာရဲ့ (သူငြင်း) ၂ မှန်ပါပေတယ်၊ ငြင်းပေလိမ့်မယ်၊ တင်းပေလိမ့်မယ်၊
မင်းမှန်ပါပေတယ်၊ ငြင်းပေလိမ့်မယ်၊ တင်းပေလိမ့်မယ်။
ဟိုအခါတုံးဝယ်၊ တီးတဲဗုံရှည် ဆိုင်းတွေစိုင်းတွေ မပေါ်ခင်ကကွယ် တီးကြအုံးမယ်မြင်သေးတယ်၊
(ရေးအိုးကြီးလောက်ရှိပေလိမ့်မယ်၊ စဥ့်အိုးကြီးလောက်ကြီးပေလိမ့်မယ်) ၂ ၊
(ဗုံရှည်ကြီးလို့ ခေါ်ပါတယ်၊ တီးမှပြီးရတယ်) ၂ ၊
သပြေပန်းပင်ကို ၀ိုင်းလို့ ကတယ်၊ ဇာတ်သမားဟန်တွေပြချင်သေးတယ်၊
ထမီစွန်တောင်ဆွဲလို့ ကရတယ်၊ (အရောင်တင်မခြယ်၊ နကိုလှပါတယ်) ၂ ၊
အဲဒါမှ ဒါမှ အာဂသဘင်သည် ရှေးခေတ်ဟောင်းကို အောက်မေ့ပါတော့တယ်။

မာတိကာ သို့ .....