အောင်ဗလအလွမ်းပြေ

ပျိုကြည်အောင်တွေးမိပါတယ်၊ ပထမ အရွယ်က တကယ်ကျမငယ်ငယ်ကရယ်၊
ဆရာဆိုအောင်ဗလဆိုရာကရာဝယ် အရိပ်ပြလို့ အရောင်ထင်ဖွယ်၊
မိန်းမထက်တောင် မူပါသေးတယ်၊ တောမြိုင်လမ်းပေါ် ထမ်းခေါ်အုံးကွယ်၊
ဟိုရှေ့ဆီဝယ်သခင်ရယ်၊ တိုးအုံး တိုးအုံးမှာလား မိုးဆုံးလားရ (အောင်အောင်တမယ်) ၂၊
မြေဆုံးလားရ (မောင်မောင်ရယ်) ၂၊ ခြေသလုံးတော်ရယ်နာကျင်ဘွယ်၊
ငွေသလုံးတော်ရယ်နာကျင်ဘွယ်၊ အို ဆိုင်းကာသုတ်တဲ့မောင်ဖုန်းရယ်၊ ဆိုင်းလှဲ့ပါအုံးကွယ်၊
တကယ် မဖယ်ဆိုင်းလှဲ့ပါအုံးကွယ်၊ ဟေမာကြော့ ခွေကာလျော့ ခြေနာသတော့လို့ပြောတာတွေရယ်၊
ဒါတွေရယ်သခင်ရဲ့လင်ရဲ့ ကြင်မကွယ့် တမင်ဖွဲ့ရှာ အဲဒါတွေကို မြင်ပြန်ပါတယ်။
လင်ချစ်တဲ့ တသာကီလင်ကြိုက်တဲ့တသာကီ၊ တိုင်းလေးဌာနီဝေးကွာခဲ့ပြီ၊
လင်ချစ်ါပ်တဲ့တသာကီ၊ လင်ကြိုက်ပါသဲ့ တသာကီ၊ တိုင်းလေးဌာနီ ဝေးကွာခဲ့ပြီ၊
ဘယ်ဆီဝယ် ရွှေပြည်ကြီးနီးရပါတော့မယ်၊ ( [ဖုန်းလေးမှ] မောင့်မဟာနွယ/ကိုတော်မဟာနွယ်) ၂၊
ဝေဟင်လမ်းဝယ်၊ ဖေတင်ထမ်းကွယ်၊ ယောက်ျားသယ်၊ အော်နောက်များဝယ်၊
သူ့ခြေအမိုက်ကို ကျမအမှီခလို့ရတယ်၊ တခင်ရဲ့ကြင်မကွဲ့တမင်ဖွဲ့ရှာ အဲ ဒါတွေကို မြင်ပြန်ပါတယ်။
တော တော တောမတီစွယ်၊ ဇော ဇောဇောကလဲကြည်ပြန်တယ်၊ တော တော တောကမတီစွယ်၊
မော မော မောမောလှပြီကွယ်၊ ဖ၀ါးခြေတော် သွေးဥစီတယ်၊ အမိတော့ဖြင့် မလိုက်နိုင်ဘူးကွယ်၊
ဖ၀ါးခြေတော်သွေးဥစီပါတယ်၊အမိတော့ဖြင့် မလိုက်နိုင်ပါဘူးကွယ်။
(ပျို ကြည်အောင် ယခုယိုင်ပင် စေ့စေ့တွေးတော့မှတ်မိသေးပါတယ်) ၂၊
မြိုင်ဝနာလယ် ထမီစွန်တောင်ဆွဲကာ သွားရင်းတပါးလင်သယ် မသနားရင်ကွယ်
ဟောဒီ ကျားဆင် အလယ်ခင်အောင်နေရစ်မယ်၊ မြိုင်ဝနာလယ်
ထမီစွန်တောင်ဆွဲကာသွားရင်တပါးလင်သယ်၊မသနားရင်ကွယ်၊
ကျားဆင်လယ် ထားရင်ကွယ်၊ ခင်အောင်နေရစ်မယ်၊
(ကြာကြာသွယ် ကို/ခင် အောင်ဗလကနွဲ့ခဲ့တာများရယ်၊ အလယ်လယ်လယ်) ၂ ၊
ကိုယ်တော် မောင်မောင်သခင် ကြင်နာအုံးကွယ်။
(ဦး/ကို အောင်ဗလရဲ့ အမူအယာတွေရယ် ခုကာလထက် နွဲ့တယ် နွဲ့တယ်) ၂ ၊
မာယာဆောင် အပလိန်းရယ် အနန္တ သတင်း၏ဂုဏ်ဆောင်ဘွယ်၊ စုံအောင်လဲ သိပေတယ်၊
အော် ဖ၀ါးခြေထောက်နာသတဲ့ မောင်မောင်ရယ်။ တိုင်းကျော်ပြည်ကျော်ရယ်၊
ညွှန်းပဏာတင်ဘွယ်၊ ကိုအောင်ဗလကဥာဏ်စွမ်းထက်၊ အရာရာမျိုးမှာ စံထားဘွယ်) ၂ ၊
(သဘင်မြေ၀ိုင်းကို မစိုင်းပယ်ကာရယ်) ၂ ၊ အော် ခေတ်နဲ့လိုက်အောင် ကြံဆောင်ပြီးတော့
ကပုံတနည်းဇာတ်ကြီး ဓာတ်မီးနဲ့သွယ်၊ တမျိုးဘဲဆန်းအောင် အဆင့်အတန်းလဲ မြှင့်တော်မူပါတယ်။

မာတိကာ သို့ .....