ပေးပါ

အတိတ်ကအရိပ်များက ငါ့နောက်အငြိုးနဲ့ လိုက်နေကြ
အလင်းမဲ့တဲ့နေ့ရက်သစ်တွေ ငါ့အတွက်ဖြစ်နေမလား
အားလုံးက၀ိုင်းပြီးလှောင်ရယ်လည်း ငါ့စိတ်ထဲ အလင်းမဲ့အမှောင်တွေနဲ့

ပါးစပ်ပိတ်ကာ မျက်လုံးမှိတ်ထားလည်း အိပ်စက်လို့မရ
အိပ်ပျက်တဲ့ငါ့ရဲ့ညတွေ ငါ့ဘ၀ထဲမှာများ
ရှေ့ဆက်ပြီးအိပ်ရာ ဘယ်လိုဝင်မလဲ ငါ့စိတ်ထဲ ဘ၀ဒဏ်ရာတွေနဲ့

ငါ့ဘ၀က အထီးကျန်ဆန်လွန်းခဲ့ သွေ့ခြောက်တဲ့နေ့ရက်များထဲခ
လှပတဲ့နေ့ရက်တစ်ခုကိုငါ့အတွက်ပေးပါ ဒီကမ္ဘာမြေကြီးရယ်
ငါ့ဘ၀က အကျည်းတန်ဆန်လွန်းခဲ့ရှေ့ဆက်မယ့် နေ့ရက်များထဲက
လှပတဲ့နေ့ရက်တစ်ခုကို ငါ့အတွက်ပေးပါ ဒီဘ၀ကြီးမှာ

မာတိကာ သို့ .....