ယူကျုံးမရ

လမ်းပေါင်းများစွာ လျှောက်ခဲ့ပြီးမှ
ကိုယ်ပြန်လာချင် မင်းရဲ့အရိပ်အောက်
နင်ကြိုပါဦးမလား တွေဝေစိတ်မောနေရ

ငါလိုနေချိန်တွေမင်းအမြဲရှိခဲ့ နင်လိုနေချိန်တွေမရှိသောငါ့ကို
ကြည်ဖြူပါဦးမလား ခွင့်လွှတ်ဦးမှာလား

နင်ပေးတဲ့ အကြင်နာများငါသတိရချိန်မှ
ငါလွမ်းလို့ နေရမလား ငါမသိတော့ပါကွာ
ဟိုတုန်းက အချိန်တွေကို တို့တမ်းတရင်း
ခုဆို ငါ့မှာ ငါ့မှာယူကျုံးမရ
ကိုယ့်ဘေးက ကြင်နာသူ နင်မရှိတဲ့အချိန်မှ
ငိုကြွေးလို့နေပြီကွာ ငါသာ မှားယွင်းခဲ့တာ
ခုဆိုငါ့မှာ ငါ့မှာယူကျုံးမရ

စလို့နှုတ်ဆက် လမ်းခွဲခဲ့တာ
ကြင်နာတာတွေကို မသိခဲ့တဲ့ငါ
ငါဟာ အရူးပါ မကြင်နာတတ်ခဲ့သူပါ

ဒီအချိန်တွေကိုသာနောက်လှည့်လို့ရရင်
နင်လိုနေချိန်တွေ ငါအမြဲရှိမှာ
ယုံကြည်နေပေးပါ ယုံကြည်ပေးလှည့်ပါ အချစ်ရာ

မာတိကာ သို့ .....