ကျေးဇူး

ငါဟာ တစ်ယောက်တည်း လမ်းတွေပေါ် ဂျစ်မစီလိုပဲ ခရီနှင်ချိန်
နေ၀င်ညများ ဖြတ်ကျော်လာ အချိန်တွေ လည်ပတ်ခဲ့
ပူလောင်နေတဲ့ ကိုယ့်ဘ၀ထဲ အနွံတာခံပြီး ရောက်လာသူ
ဘယ်သူနဲ့မှ အစားမထိုးနိုင်တယ်
ကိုယ့်ဘ၀အတွက် ဒီတစ်ယောက်တည်း ချစ်မယ်

ငါဟာ တစ်ယောက်တည်း ညတွေ အလယ်
ငွေရောင်လမင်း လှမ်းမျှော်ချိန်
ကြယ်စင်တွေနဲ့ သီချင်းတွေဆို သံစဉ်တွေ ၀မ်းနည်း
မှောင်ရီနေတဲ့ ကိုယ့်ဘ၀ထဲ အကြင်နာခွန်အားပေးနိုင်သူ
အရာရာမှာ ခွင့်လွှတ်နိုင်သူ ကျေးဇူးပဲ မေရယ် ကျေးဇူးပဲ

ဒီတစ်ယောက်တည်း ချစ်နေမယ်
ရင်မှာ မျှော်လင့်ခြင်း အိပ်မက်များ မင်း ယူဆောင်ပေးစွမ်းသူပါ
အရာရာ အားလုံးပြည့်စုံနေ ဒီတစ်ယောက်တည်း ချစ်နေမယ်
ရင်မှာ ရှင်သန်ဆဲ မင်းအချစ်များ
အို အမွန်မြတ်ဆုံး မင်း အချစ်များ ပိုင်ဆိုင်ထား ကျေးဇူးပါပဲ

အန္တရာယ်တွေနဲ့ ဘ၀ပင်လယ် အတူတူ လက်တွဲဖြတ်ကျော်မယ်
ဘယ်သူလာပြီး ခွဲနိုင်မလဲ
စမ်းချောင်းလေး အတူတူ ခရီးဆက်မယ်

ကျေးဇူးပဲ မေရယ်

မာတိကာ သို့ .....