လက်ခံမှာလား

မင်းစိတ်ဟာ အထိအခိုက်မခံဘူးကွာ
အားပေးသူ တစ်ယောက်လောက်တော့ရှိမှ
သိမ်ငယ်စွာ တစ်ယောက်တည်း
သူစိမ်းလူများကြားမှာ စိတ်ညစ်နေမလား

ကလေးတစ်ယောက်လို နူးညံ့တဲ့သဘောထား
လွတ်လပ်ပေါ့ပါးလွန်းတဲ့ စိတ်က အဆင်မပြေတာ ကြုံရင်
မင်းတစ်ယောက်တည်း ရှင်းဖို့ လွယ်ပါ့မလား

အဖော်မဲ့ ဟိုအဝေးကြီးမှာ မင်းအထီးကျန်တဲ့အခါ
ဘယ်သူ့ကိုလေ တမ်းတ သတိတွေရသလဲ
ငါသိခွင့်ရှိမလား/ငါဖြစ်ခွင့်ရှိမလား

တကယ်တမ်းဆို မင်းဘ၀မှာ အားလုံးခံစားသမျှ
ငါ့တစ်ယောက်တည်းပါ နားလည်နိုင်တာ
လက်ခံမှာလား / မင်းလက်ခံပါလား

အတွေးလည်း ခေါင်လွန်းတတ်တယ် ခဏခဏ သံသယနဲ့
စိုးရွံ့စိတ်ကြီးသမျှ နေ၀င်ချိန် အမှောင်ညထဲ
တစ်ယောက်တည်း ကြောက်ကာငိုနေမလား

ဘာဖြစ်ဖြစ် မင်းဘ၀မှာ အားလုံးခံစားသမျှ
ငါ့တစ်ယောက်တည်းပါ နားလည်နိုင်တာ မင်းလက်ခံပါလား

မာတိကာ သို့ .....