ဗဟိုစည်

ရွှေဗဟိုစည်သံများကို မကြားရတာကြာလေပြီ လေးလရာသီ၊
တိုင်းဌာနီမဟုတ်ခဲ့ပါပြီမို့ ကြက်သံကို ဗဟိုပြရတယ်ကွယ် တောသူတို့ဆီ၊
(ဟိုးရှေးမြန်မာ့နရီ၊ ပျိုတွေးရပြန်ပါသည်၊ ချိုအေးလှတဲ့ ဗဟိုစည်၊
နေနှယ်ထင်ရှား ဖုန်းရောင်ပင်ပွားခြားခဲ့သည်) ၂ ၊
(မြန်မာများရှင်ဘုရင် ရာဇပလ္လင်ဆီ၊ မှတ်သားနေနရီ ရွှေဗဟိုစည်) ၂ ၊
ရီရီကြားချင်ပါသည်၊ ရွှေဘ၀င်လွမ်းစပေါ်သည်၊ ပျိုတအားငယ်မယ့်
ကွယ်ခဲ့တာကြာလေပြီ၊ ရှေးရိုးစဉ်မပျက် မြန်မာ့ကျက်သရေ တို့ပြည် တို့ဗဟိုစည်။
ယာဉ်ဓရာပတ်ကာဝိုင်းတယ်၊ တိုင်းလေးဌာနီရွှေဘုံသီဟာနန်း
သံငွေမောင်းသည် ကွယ်ရှင်းသည်၊ မင်း မင်း တရားရှိစဉ်က
အတည်ရွှေဗဟိုစည်မြည်သံကို ကြားချင်၍သာ ပျိုခင်ခင်ရီ
ယနေ့တိုင်အောင်မမေ့နိုင်ပါတော့သည်၊ တအားငယ်မယ့် ကွယ်ခဲ့တာကြာလေပြီ
ရှေးရိုးစဉ်မပျက် မြန့်မာကျက်သရေ တို့ပြည် တို့ဗဟိုစည်။
(မြန်မာတို့ပြည် ရတနာပုံပြည်၊ ထီးနန်းရိပ်ရာ စိုးစံစဉ်က) ၂ ၊
(နရီမှူးဟန်ချီ မြည်ကြူးပြန်သည်) ၂
နန်းစင်မြင့်ဆောင်တော်ပေါ်ဆီ မျှော်ကာမှန်းဆ ပျိုလွမ်းရပါသည်၊
(ဘုံရွှေနန်းနဲ့ကွာပြီ ဂုဏ်သရေမှာ နွမ်းခဲ့ပါသည်) ၂ ၊
တွေးဆွေးရသည်၊ လွမ်းရန်သွယ်နဲ့ ကွယ်ခဲ့လေပြီ၊
ရှေးရိုးစဉ်မပျက် မြန့်မာကျက်သရေ တို့ပြည် တို့ဗဟိုစည်။
ကျက်မျက်ရည်တွေဆင်း ပျိုမရွှင်နိုင်ပါပေသည်၊
နေ့ညတိုင်းတွေးလေတိုင်းတော့ မကြည်၊ ကြောင်းသနစ်ကို ပျိုလှစ်မိပြီ၊
ပတ်သံတာရှည် နေနရီကြားစမ်းချင်လှ ရွှေဗဟိုစည်၊
ရှေးခေတ်နဲ့ ခုအခါမတူတော့သည်၊ တအားငယ်မယ့် ကွယ်ခဲ့တာကြာလေပြီ၊
ရှေးရိုးစဉ်မပျက် မြန့်မာကျက်သရေ တို့ပြည် တို့ဗဟိုစည်။

မာတိကာ သို့ .....