ဟောင်းသွားပြီလား

တိုက်စားတတ်သလား အချိန်ဟာ အချစ်များကို
ငါလေ မတွေးတတ်ဘူး
ပျောက်ဆုံးပြီလား အတိတ်ကချစ်သူ
တကယ် မတွေးတတ်ဘူး မတွေးတတ်ဘူး
အဖြေကို ပြန်ရှာကြည့်တိုင်း မျှော်လင့်ခြင်း ပို ဝေးလွှင့်သွား

အို ဟောင်းသွားပြီလား ဟောင်းသွားပြီလား
ဟိုအရင် ငါနဲ့ မင်း အချစ် ဂန္ထ၀င်ကဗျာတစ်ပုဒ်
အခမ်းနားဆုံး သီချင်း

လှည့်စားနိုင်သလား မိုင်တွေဟာ အချစ်ကို
ငါလေ မတွေးတတ်ဘူး
တို့ ဝေးကွာခြင်း ပိုဝေးစေသလား ချစ်သူ
တကယ် မတွေးတတ်ဘူး မတွေးတတ်ဘူး
အဖြေကို ပြန်ရှာကြည့်ရင်း မျှော်လင့်ခြင်း ပို ဝေးလွင့်ရင်း

သေချာတယ် မင်းအတွက် ငါ့အချစ်
ဒီ အချိန်တိုင် လတ်ဆတ်ဆဲပါ
ဝေးတဲ့အချိန် အလွမ်းတွေ သည်းတုန်း
လိုချင်တယ် အတိတ်က ချစ်သူ
ဘာတွေကြောင့် ပြောင်းလဲသွားခဲ့
မင်းအချစ်တွေ မင်းအချစ် မင်းအချစ်တွေ

အဖြေကို ပြန်ရှာကြည့်တိုင်း မျှော်လင့်ခြင်း ပို ဝေးလွင့်သွား

ဟိုအရင် အချစ်တွေ ဟောင်းနွမ်းသွားလား

မာတိကာ သို့ .....