ဖွဲမီး

ဟိုတုန်းကတော့ ဒီကမ္ဘာကြီးထဲ
နင့်တစ်ယောက်ပဲ ငါ့ဘဝ
စောင့်ရှောက်မဲ့သူ နင်တစ်ယောက်တည်းလို့
ငါ့နောက်ကျောက စိတ်ချ
အရာရာ ပုံအပ်ပေးထား မင်းလက်ထဲမှာ
ဒါပေမယ့်လည်း အခုတော့ ... ရက်စက်လိုက်တာ

ဟိုးတုန်းကတော့ ရှင်သန်ခဲ့တာ
နင့်အတွက်လို့ စဉ်းစား
လောကကြီးနဲ့ စုံကန်ပြီးမှ
နင်ရဲ့ ဘက်က ကြိုးစား
မယုံကြည်နိုင်ဘူး အခုတော့ နင်ရဲ့ မျက်နှာ
မယုံကြည်နိုင်ဘူး အခုတော့ ရက်စက်လိုက်တာ ....

မခံနိုင်ဘူး အချစ်ရေ ရင်မှာ တမြည့်မြည့် ကျွမ်းတဲ့မီး
မခံနိုင်ဘူး အချစ်ရေ အစိမ်းလိုက် တဖြည်းဖြည်း သတ်တဲ့အထိ
မခံနိုင်ဘူး အချစ်ရေ ရင်မှာ တမြည့်မြည့် ကျွမ်းတဲ့မီး
ငါ့ဘ၀ ပျက်တဲ့အထိ

ဟိုးတုန်းကတော့ ဒီကမ္ဘာကြီးထဲ
နင့်တစ်ယောက်ပဲ ကိုးစား
လောကကြီးနဲ့ စုံကန်ပြီးမှ
နင်ရဲ့ဘက်က စဉ်းစား

မာတိကာ သို့ .....