အချစ်ဦးပုံပြင်

အခုလို ဇာတ်သိမ်း
အဆုံးသတ် လိမ့်မယ် ကြိုမြင်ပေမယ့်လေ
ငါ့ အတွေးတွေ ရှုပ်နေဆဲ
တကယ် စွန့်လွှတ်ရချိန် မဖြေနိုင်ပါလားကွယ်

အချစ်ကို မေ့ပြီး
တစ်ဖက်သတ် ငါ့ရဲ့ အမှား မင်း မှတ်ယူလိုက်ပါ
မဆုံစည်းနိုင် အချစ်ရဲ့ လမ်း
မလျှောက်ရက်တော့ပါ အချိန်မီ ပြန် စွန့်ခွာ

ချစ်သူရေ
မင်း မျှော်လင့်ချက်ထားကာ အားငယ်နေမလား
ငါ ရက်စက် လွန်းတယ် မြင်လိုက်တော့
ငါ သစ္စာမဲ့သူတစ်ယောက် ထင်မြင်လိုက်
မုန်းပါ မေ့ပါတော့ အချစ်ဦးလေးရယ်

အချစ်ကို စွန့်ပြီး
ဘယ်သူမှ မသိနိုင် ငါ့ အသည်းတစ်စစီ ကွဲလို့
ရင်အတွင်း ဒဏ်ကြည့်စမ်း
နှစ်သိမ့် မရတဲ့ ငါ့ မျက်ရည်စက်တို့

အခုတော့ တို့ ဝေးကြပြီ

မာတိကာ သို့ .....