လက်လှမ်းဆယ်ယူ ပန်တော်မူ

အလွမ်းသီချင်းလေးတွေ ဝေဆာအောင်ဖန်တီးပြီး
ညည်းရင်းနဲ့ ဆိုခဲ့တီးခဲ့တယ် ရဖို့တစ်ခုအတွက် သာမန်လိုစွဲလမ်းပြီး
သောက ကလေးတွေယူပါ မပေးရက်ခဲ့ဘူး တို့ရဲ့ သီချင်းတွေ
တစ်ဘက်သား မထိခိုက်စေအောင် သီဆိုရေးစပ် လို့နေမယ်

လောကကြီးမှာ ဘယ်အရာမဆို မတည်မြဲတော့
ရသမျှအချိန်ပိုင်း အခိုက်အတန့်မှာ တတ်သိထားတဲ့ပညာနဲ့ ကြိုးစားပြီး
လောဘလေး/မောဟလေး တွေ ရင်မှာ လွင့်ပျောက်စေဖို့
တို့ရဲ့သီချင်းတွေ တစ်ဘက်သား စိတ်မညစ်စေအောင် သီဆိုရေးစပ် လို့နေမယ်

အရှင်းဆုံးက သီချင်းတစ်ပုဒ်ဟာ ဘာဘာညာညာမပါပဲလေ
စိတ်ညစ်ခိုက်မှာ ဖြေပြေစရာအကြောင်းလေး တစ်ခုရှာ ရင်မှာ
စွဲငြိလိုက်ပါ အမောပြေ

မာတိကာ သို့ .....