တောင်းပန်တယ်

ခံနိုင်ရည်တွေချို့တဲ့ကုန်ပြီ မတ်တပ်ရပ်ဖို့အားမရှိလို့
ရင်ခုန်သံတွေ ခါးသက်နေပြီ စိတ်ကူးတိုင်းဟာ မင်းအကြောင်းပဲ
အိပ်မက်တွေတိုင်းမှာ ငါ့နေ့တွေတိုင်မှာ မင်းအကြောင်းပဲတွေးမိနေတယ်
သန်းခေါင်ယံတွေ အိပ်မရလို့ လူးလွန့်ခဲ့ရ ငါ့ရဲ့ညရှည်
အတူဆုံချိန်တွေနည်းလွန်းလို့ ငါရူးသွပ်ခါ တမ်းတမိနေ
အတိတ်က ကံအကြောင်းမပါ တွေ့ခွင့်ရဦးမလား
ရက်စက်လွန်းတဲ့ ကံကြမ္မာရယ်
ငါ...တောင်းပန်တယ်
ရင်ခုန်သံကိုထိန်းချုပ်ခက် မင်းပြောတတ်တဲ့ တီးတိုးစကားတွေ
ငါမနေနိုင်အောင်ရူးသွပ်လို့ ခံစားချက်တွေတိုးလို့ဆိုးနေ
တစ်ချက်လောက်တော့နားလည် တီးတိုးဖြေသိမ့်ပါ
ရက်စက်ဖို့တော့မစဉ်းစားပါနဲ့
ဒီကံကြမ္မာအလှည့်အပြောင်းတစ်ချက်နဲ့ ရင်ဘတ်ထဲက မင်းထွက်သွားတယ်
ဘယ်လိုအခြေအနေကြောင့်ပဲဖြစ်ဖြစ် တမ်းတလိုက်ရင် မင်းအနားရှိမယ်
ဦးနှောက်ကိုဘေးဖယ် နှလုံးသားနဲ့နားလည် ပြောင်းလဲမသွားနဲ့ ချစ်သူရယ်
ငါ...တောင်းပန်တယ်

မာတိကာ သို့ .....