နွေရာသီ

တွန်သံချိုတယ် ရွှေဥသြငယ်ရယ်
နွေရာသီနှယ် အချိန်မှန်လွန်းနေတယ်
တမင်ကလာမေ့ထားတဲ့ အတိတ်ကအကြောင်းကို
စ ပေးလိုက်သလိုပဲ ဒီအချိန်အခါမှာ
ရင်နာစရာတွေဟာ အသစ်ဖြစ်ပြန်တယ်

ခိုလှုံနိုင်စရာ ရင်ခွင်မဲ့သူထဲ
နွေလယ်ခေါင်မှာ ကိုယ်တစ်ယောက်လည်းပါတယ်
နဂိုကရှိပြီးသား အလွမ်းအဆွေးဓါတ်ကို
ဆွပေးလိုက်သလိုပဲ အပြင်မှာပူသလို
ရင်မှာပူလာရင် ခက်ရချည့်ကွယ်

မာတိကာ သို့ .....