သူစိမ်းတစ်ယောက်

မရေရာတာ အသေအချာပဲ မြင်နိုင်တယ် အဖြေရယ် မလိုတော့ပါ
အချိန်တွေသာ လည်ပတ်ဆဲ ကျန်နေသူ ဒီလူဟာ သူစိမ်းပါ
မဖြစ်နိုင်တဲ့ ဘ၀ဟာ အရှုံးသာအနောက်ဆုံးပဲ မဟုတ်လား
ကြင်နာတယ်ဆိုပေမယ့် အချိန်တန်ပြီဆိုရင် ပြန်သွားပါ
ဒီလူဟာ ဒီနေရာပဲ အချိန်တန်ရင် ပြန်လာရဦးမှာ
ညင်သာစွာတိုးတိတ် နာကျင်လွန်းတဲ့စိတ်

မှောင်လွန်းတဲ့ဘ၀မှာ သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသက်ထောင့် တစ်နေရာမှာ နေထိုင်ဆဲ
သေသည့်တိုင်ဒီဘ၀ထဲ ငါမင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

ဆုံမှတ်တို့ လွဲချော်ခဲ့ မျှော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘ၀မှ တို့ပြန်ဆုံတွေ့ခွင့် ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ

မရေရာတာ သေချာပေမယ့် ဆုံနိုင်တယ် ဒီအိပ်မက်ထဲမှာ
အချိန်တန်ရင် ဒီနေရာပဲ ဒီလူဟာ ပြန်လာရဦးမှာ
တကယ်ဆို ချစ်လျက်နဲ့ အရာရာပေးဆပ်ခဲ့ ရသူပါ

မာတိကာ သို့ .....