သီတာရတနာ

ဗုဒ္ဓဘာသာမြန်မာနေပြည် ဘေးဘယာမသန်းကာ အေးချမ်းတော့သည်၊
ဘာကြောင့်လဲဆိုတာ ဘုရားရတနာ တရားရတနာ သံဃာရတနာ သုံးပါးဂုဏ်ရည်၊
လက်စုံမိုး၍ ရှိခိုးပူဇော်ပါသည်၊ သာသနာထွန်းတဲ့ရောင်ခြည်၊ လက်ျာတောင်ကျွန်းဒီပါ မင်္ဂလာတရားမြတ်သည်၊
ဘေးကင်းကွာတဲ့ မြန်မာပြည်သာယာသည်၊ တို့နိုင်ငံကြီး ချမ်းသာမည်၊ ထူးမြတ်ပါတဲ့ရတနာတွေသည်၊
ရှင်းပြမည် လင်းပြမည်၊ အော်ရွှေတွင်းငွေတွင်းပယင်းဒုတ္တာသန္တာပုလဲအညီ၊ မကွာအမြဲတည်၊
ပေါလွန်လွန်းလို့ သုံးမကုန်နိုင်ပါပြီ၊ စိန်ကြောက် နီလာ ဂေါ်မုတ် ဥသဖရားတည်၊ ပတ္တမြားမြဣန္ဒနီ။
သံပြိုင်။ ။ (ရတနာခုနှစ်ပါးတည် သာယာစည်ကားသည် ဘုရားရှိခိုးတဲ့အမိမြန်မာပြည်၊ အန္တရာယ်ကင်းရှင်းပေသည်) ၂
တရားအကျိုးမျှော်သလောက် တန်းခိုးတော်ကြောင့်လို့ ပျိုကြည်အောင်ထင်သည်၊
အဖိုးမဖြတ်နိုင်တဲ့ ရတနာသုံးပါးထင်ရှားတည်လေသည်။
(စပါးဂျုံဆန် ရေနံ ရော်ဘာစုံလို့ သစ်တွေဝါးတွေမကုန်သမို့လဲ ၀ါဂွမ်းအညီ ပဲပါနှမ်းဆီ) ၂
ပြောင်းအခင်းက ကောင်းခြင်းလွန်တာရှည်၊ မြေထဲရှုလိုက်ပြန်တော့ ခဲသတ္တု သံသွတ် ဘော်တွေတည်၊
အဖိုးမဖြတ်နိုင်သည်၊ ရတနာရှိတဲ့ သီရိမြန်မာပြည်။ သံပြိုင်။ ။ရတနာ………………ထင်ရှားတည်လေသည်။
(ရတနာမိုး ဖြိုးမောက်သည် မြန်မာပြည်၊ မင်္ဂလာအဟုန်ယဉ်ကာတဖုံ ပညာစုံပေါသည်) ၂
(ရတနာအဖြာဖြာ ကောင်းမြတ်တာတွေစုးဝေးလို့ မနှေးပြန်ကာတည်၊ သမ္မဇဉ်ဥာဏ် ဥဏ်ယှဉ်ကာ ကြံအင်သာ တွေးရည်)
မြန်မာတိုင်မြို့ တို့နယ်ပြည်၊ အေးချမ်းသာယာပါစီ၊ လက်ျာထွန်းတဲ့တောင်ကျွန်းမဟီ။
သံပြိုင်။ ။ ရတနာ………….ထင်ရှားတည်လေသည်။

မာတိကာ သို့ .....