အချစ်ရေပြန်ခဲ့တော့

ဆုံတွေ့ကြစို့ အချစ်ဆိုတာ ဝေးမှသိလာတယ်
ရင်ထဲမှာ မင်းသာ အမြတ်နိုးဆုံး ပြန်လာပါတော့
အသက်ရှင်နေတာ လွမ်းဖို့ဖြစ်နေပြီ မြင်ကြည့်ပါ နားလည်မှာပဲပေါ့

မင်းပေးခဲ့တဲ့ အိပ်မက်တွေ အခုထိမက်နေမိ အမြန်ပြန်လာပါ
ချစ်သူရေ ကိုယ်ဆက်ဆက် စောင့်မယ် အချစ်လေး

အတူတူတွဲထားတဲ့ တို့လက်တွေ ချစ်သူလေးရေ ဝေးခဲ့ရပြီ
အသည်းလေးတွေ ကွဲအက်ကြေ လွမ်းနေရတယ်သိလား ဘေဘီ
ပြန်လည်ကာ မင်းလေး စဉ်းစားရင်း
ဒီမှာ အိပ်မက်တွေ နှိပ်စက်နေ ချစ်သူလေးရေ တို့ဘ၀ကို
သနားလှည့်ပါ ထားခဲ့မှာ သိပ်ကိုကြောက်တယ် အချစ်ဆုံး ဘေဘီ
ကြင်နာသူ လွမ်းနေပြီ အချစ်ရေ ပြန်ခဲ့လိုက်

တကယ်ဆုံးဖြတ်လိုက် တို့မနက်ဖြန်တွေကို စိတ်မချဘူးလေ
ဆုံဖို့ရာ အခွင့်ပေးတုန်း ပြန်လာမှာလား
လာချင်ရင်လေ အနီးလေး ဘေဘီ အချစ်တွေ ထပ်ပေးဦး

ဘေဘီ ပုံပြင်လေးတွေပဲလား မဆုံးတမ်း ကိုယ် မျှော်နေရမှာပဲလား
လမ်းဟောင်းလေး လာမှာလား ကိုယ့်ချစ်သူလေး ရင်ထဲကို ၀င်ကြည့်လိုက်
တဖြည်းဖြည်းနဲ့ စာနာမိမှာပဲပေါ့ မေ့ပစ်လိုက်ဖို့ တကယ်ကို မဖြစ်နိုင်တော့လို့
မေ့ ပစ်လိုက်ဖို့ မလွယ်ကူနိုင်ပါ ဘေဘီ အချစ်ရေ ပြန်ခဲ့တော့
I love you

မာတိကာ သို့ .....