ဆုထူးပန်

အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားဘ၀ကို ကျမ လိုချင်ပါတယ်၊
မနုဿတ္တဒုလ္လဘ လူ့ပြေ၀ယ်၊ ကောင်းမှု အသွယ်သွယ်
ဒါန သီလ ဘာဝနာတရားကို ပွားများကာနေချင်ပါတယ်။
(အိမ်ထောင်ရေးဆိုတာက သခင်တခုလင်တခု
အစဉ်သမှု ရှုပ်ထွေးပြန်လေတယ်၊ သဘောကကွယ်၊ ပြောပြမယ်၊
နောင်အရေးကတကယ်၊ မအေးရတယ်၊ ကြောက်စရာတွေပါကွယ်) ၂ ၊
ဤလောက၀ယ် အော် ၀ဲသံသရာတွင်း ဆင်းကြကာ မလွတ်ကင်းနိုင်တယ်။
ဆုထုးပန်မယ်၊ မင်းယောက်ျားဘသို့ကွယ်၊ တကယ်ရအောင်ပျိုကြံရွယ်၊
နေ့ နေ့စဉ် ည ညစဉ်ကွယ်။ နောင်ခါဝယ်၊
ကံ့ကော်ပန်းတင် ပတ္တမြားပလ္လင်ထက်၌ကွယ်၊ ကြည်ဖြူစွာ ပျိုတကယ်၊
ဖူးတော့မယ်၊ ဘုရားအရိမေတ္တယျ မြတ်အရှင်စောကို မနောကြွယ်၊
(မြော်မြင်ပါတယ်) ၂ ၊ အဲ့ဒါကြောင့်မို့ ယောက်ျားဆုကို ရီရီပန်ချင်တယ်၊
အော် မိန်းမဘ၀ကလွတ်ကင်းဘို့အကြံရယ်၊
နောင်ရေးမျှော်တွေးကြောက်ပါတယ်။ ဆုထူးပန်မယ် … ည ညစဉ်ကွယ်။
(မိန်းမသားများဝယ်၊ အောက်တန်းကျပေတယ်၊
ခုနေများစဉ်းစားလိုက်ရင်တွေးမိပြန်တော့လဲစိတ်ရှုပ်ပါဘိတယ်) ၂ ၊
ယောက်ျားကောင်းဖြစ်ခဲ့ရင် ဘုရားဆုကိုလဲ မလွဲဓိဌာန်ပန်နိုင်တယ်၊
ရီရီလေးယုံကြည်တယ်။ ဆုထူးပန်မယ် ……… ည ညစဉ်ကွယ်။
(ကြည်ဖြူစွာ စိတ်ထားကရယ်၊ စေတနာသဒ္ဓါ တရားကြွယ်၊
လှူဘွယ်ဆိုရင်တကယ်၊ ကျောင်းအမကြီးရဲ့ ၀ိသာခါထုံး သက်သေတယ်) ၂
ကုသိုလ်ဒါန မြတ်သီလရယ်၊ ကြိုးစားအားထုတ် ကျင့်ဆောင်တော့မယ်၊
သို့မှလဲ မလွဲကောင်းကျိုး ရ/ပေး လိမ့်မယ်၊ နောင်ခါဝယ်။

မာတိကာ သို့ .....