ဦးနုစကားပုံ

ဟိုရှေးထုံးအစဉ် မပယ်စေချင်တယ်၊ အမြဲထင်မြင် ဆင်ခြင်မှတ်သား သူတော်ဦးနုစကား။
မှတ်သားလောက်စရာ ကျမပြောပြမည်၊ သေသေချာချာ ယုံစားပါကြအတည်၊
လူကြီးရဲ့စကားရှိတာ ချင့်ချိန်လို့သာ တကယ်ဘဲ ကြံဆ
(တွေးကြစရာ အရေးထားဘို့ ဆိုပြပါအုံးမည်၊ အဆိုးအကောင်းကိုများသိဘို့ အသိပေးပါရစေ) ၂ ၊
အဟုတ်အမှန်လဲသိပါစေ၊ အလုပ်ကြံဆိုတာလဲ ရှိပါအတည်၊ အဟုတ်အမှန်လဲသိမှ
သံသရာအေးပ၍ အနေကျယ်မည်၊ အလုပ်အကြံဆိုတာလဲရှိမှဆန်ရှာရေးလှ၍ အခြေတကယ်တည်။
ဗုဒ္ဓဆရာတွယ်ရသည်၊ ရုပ်လှတာကိုပယ်ရမည်၊ ဗုဒ္ဓဆရာတွယ်မှ အေးမြကာကြည်၊
ရုပ်လှတာကိုပယ်မှ ဘေးပကွယ်မည်၊ သေရည်ကိုမသောက်နဲ့ ရေကြည်ကို မနှောက်နဲ့၊
သေရည် သောက်ပြန်တော့အပယ်ဘုံ ကျလိမ့်မည်၊ ရေကြည်နှောက်ပြန်တော့ အနှယ်မှုန်တွေထတတ်သည်၊
ဆုံးမစာစကားပုံ အလီလီ၊ ယုံယုံကြည်ကြည် ပညာကျော်ဦးနုသည် နောင်လာနောက်သား ထင်ရှားစေရမည်၊
အမြင်ကျယ်သည်၊ အစဉ်တကယ်ညီ၊ အဖိုးတန်သည်၊ ထူးလိုက်ပါတဲ့ဥာဏ်စွမ်းရည်။
ဂေါနမံသံကို မစားပါနဲ့အတည်၊ ကောဓခြံရံကို မပွားနေရမည်၊ ဂေါနမံသံစားတော့ မိဘသဖွယ်ဖြစ်ပေသည်၊
ကောဓခြံရံပွားတော့ အဓိကရ အပါယ်နစ်ချေမည်၊ မီးကိုအကြွင်းမထားနဲ့ ခရီးကိုအပြင်းမသွားနဲ့၊
မီးအကြွင်းထားတော့ ထင်အရှားပွားတတ်သည်၊ ခရီးကို အပြင်းသွားတော့ အစဉ်တရားမှားတတ်သည်၊
များမှတ်စေဘို့သို့ကလို စာစီ၊ (ရှေးစကားပုံညီ ရေးမကုန်ပြီ) ၂ ၊ အမြင်ကျယ်သည်၊ အစဉ်တကယ်ညီ၊
အဖိုးတန်သည် ထူးလိုက်ပါတဲ့ ဥာဏ်စွမ်းရည်။ (ရှေးစကားပုံ အညီ ယုံကြည် မှတ်သား ပညာဥာဏ်ပွားမည်) ၂
(ပေါင်းသဟာ အကြောင်းသာဓက ခုသာ ရှုပါ ဥပမာညွှန်ပြမည်၊
စွဲကာအမြဲထာဝရ ရှင်လူအပေါင်းသည် အထူးပင်မမေ့ကောင်းသည်) ၂ ၊
(တိုင်းပြည်ဆောင် ကြည်အောင် ကြည်အောင်သည် တပေါင်းသီချင်းလင်းမည်) ၂ ၊
တရားမပျက်တဲ့စံဌာနီ၊ ပတ္တမြားထွက်တဲ့မြန်မာပြည်၊ ရွှေတိုင်ညွန့်ကဗျာရေးကာစာကိုစီ၊
(ရှေးစကားပုံအညီ ရေးမကုန်ပြီ) ၂ ၊
အမြင်ကျယ်သည်၊ အစဉ်တကယ်ညီ၊ အဖိုးတန်သည်၊ ထူးလိုက်ပါတဲ့ ဥာဏ်စွမ်းရည်။
(ရှေးစကားပုံ အညီ ယုံကြည်မှတ်သား ပညာဥာဏ်ပွားမည်) ၂ ၊
(ပေါင်းသဟာ အကြောင်းသာဓက ခုသာ ရှုပါ ဥပမာညွှန်ပြမည်၊
စွဲကာအမြဲထာဝရ ရှင်လူအပေါင်းသည် အထူးပင်မမေ့ကောင်းသည်) ၂ ၊
(တိုင်းပြည်ဆောင် ကြည်အောင် ကြည်အောင်သည်တပေါင်းသီချင်းလင်းမည်) ၂၊
တရားမပျက်တဲ့ စံဌာနီ၊ ပတ္တမြားထွက်တဲ့ မြန်မာပြည်၊ ရွှေတိုင်ညွန့် ကဗျာရေးကာစာကိုစီ၊
(ရှေးစကားပုံအညီ ရေးမကုန်ပြီ) ၂ ၊ မမြင်ကျယ်သည်၊
အစဉ်တကယ်ညီ၊ အဖိုးတန်သည်၊ ထူးလိုက်ပါတဲ့ ဥာဏ်စွမ်းရည်။

မာတိကာ သို့ .....