ဝေး

မင်း မျက်နှာလေး မျှော်လင့်တုန်း
မင်းရဲ့ ပုံရိပ်တွေ ခမ်းနားနေတုန်း
ပြန်မဆုံနိုင်အောင် တို့တွေ အဝေးဆုံး ဝေး
ပင်လယ်ပြင်ကျယ်တွေ တံတိုင်းများခြား ဝေး

ဖြစ်ပျက်ပုံလေးတွေ ရင်ထဲ နိုးကြားခဲ့
နေ့ရက်ရှည်အနမ်းတွေ လန်းဆန်းနေဆဲ
ပြန်မမြင်နိုင်အောင် တို့တွေ အဝေးဆုံး ဝေး
လွင်ပြင်ကျယ်ကျယ်တွေ စည်းများခြား ဝေး

ပင်လယ်ပြင်ကျယ်ကြီး တစ်ဖက်စီ
လွင်ပြင်ကြီး တစ်ဖက်စီ နံရံကြီး တစ်ဖက်စီ ဝေး
မိုးသားများရဲ့ ဝေး / အလင်းတန်းများရဲ့ ဝေး

မင်း မျက်နှာလေး မျှော်လင့်တုန်း
မင်းရဲ့ ပုံရိပ်တွေ ခမ်းနားနေတုန်း
မိုးသားများထဲ မင်းရဲ့လက်တွေ ဖြန့်ကျက်ထား
အချစ်ရဲ့ သဘောများ အဆုံးထိ မင်းရှာလိုက်

မာတိကာ သို့ .....