ကွဲနေသောမှန်စများ

လမ်းပေါ်မှာ အရက်သမားတစ်ယောက် မူးလဲနေတယ်
ယမ်းယောင်ကာ သီချင်းတစ်ပိုင်းတစ်စညည်းညူနေတယ်
လောကကြီးရဲ့ မတရားပုံလား လောကသားရဲ့ မှားပုံလား
နှစ်ခုစလုံးများလား အပြောတတ်တယ်

(ငါမမူးသေးဘူး ငါမမူးသေးဘူး
မန္တလေးကျုံးရေ မခမ်းသမျှတော့) ၂

ဆေးရုံမှာ ကျောင်းသားတစ်ယောက် ဖိုးဖြတ်နေတယ်
ယမ်းယောင်ကာ သီချင်းတစ်ပိုင်းတစ်စ ညည်းညူနေတယ်
မိဘကပဲမသိတာလား မပြောတတ်တယ်
((ငါမစွဲသေးဘူး) ၂၊ အမေ့ရဲ့မျက်ရည် မခမ်းသမျှတော့) ၂

သုဿန်မှာ သူတောင်းစားတစ်ယောက် အိပ်မက်နေတယ်
ယမ်းယောင်ကာ သီချင်းတစ်ပိုင်းတစ်စ ညည်းညူနေတယ်
အပေးကမ်းကပဲ နည်းတာလား အစားအသောက်ကပဲ
ကြီးတာလား နှစ်ခုစလုံးများလား မပြောတတ်တယ်
((ငါမငတ်သေးဘူး) ၂၊ ဗုဒ္ဓတရားရေ မခမ်းသမျှတော့) ၂

မာတိကာ သို့ .....