ဒူးထောက်ပြီ

ငါ ချစ်ရမှာ စိတ်ကူးရုံနဲ့ သွေးသားထဲက ပျော်နေတတ်ပြီ
အိပ်မက်ထဲမှာ ဆုံတွေ့လိုက်တိုင်း မနေနိုင်ဘူး ရူးချင်ပြီ

မင်းရှေ့ကို ကိုယ်ရောက်သွားရင်ပဲ
အားတင်းထားသမျှ အရည်ပျော်သွားတယ်
မင်းရဲ့ အကြည့်မှာ မြူခိုးတွေနဲ့ မမြင်နိုင်ဘူး
ဆူးတွေလည်း ရင်ကိုဖွင့်ပြီးဆိုမယ် မယုံနိုင်အောင် ချစ်မိတယ်

ရင်ခုန်သံများ ချုပ်ထိန်းမရ သူသိအောင် ဖွင့်ပြောမည်
ကိုယ့်ဘက်က အကြင်နာတွေ မင်းသိဖို့လိုပြီ ဝေးချင်ရင် ဝေး
ခဏလောက် ဆုံဖြစ်ရင် ငါ့ရဲ့ ကမ္ဘာကို ကျေနပ်မည်
ရင်ခုန်သံများ ချုပ်ထိန်းမရ သူ သိအောင် ဖွင့်ပြောမည်
တို့ ဆုံတွေ့ခြင်း အရှုံးလည်း ယူလိုက်မည်
မင်းသိအောင် ဖွင့်ပြောတော့မည်/ အရှုံးလည်း ယူတော့မည်
မင်းရှေ့မှာ ငါ ဒူးထောက်ပြီ / ကြေကွဲစမ်းပါစေ
မင်းသိအောင် ဖွင့်ပြောတော့မည်
မင်းရှေ့မှာ ငါ ဒူးထောက်ရင်း မင်းသိအောင် ရင်ဖွင့်တော့မည်

မာတိကာ သို့ .....