ဝေ့လယ်လယ်

။ ။ပျို့ကိုမောင်ဝေ့လယ်လယ်ပြုပြန်လေတယ်၊ တချုံကွယ်တမယ်မေ့ကာရယ်၊
တွေ့ရင်လွမ်းတယ်၊ မာယာ စကားတွေရယ်ပြောပြန်လေတယ်၊
လောကယောက်ျားဖောက်ပြန်လွန်းလှတယ်၊
ကျား။ ။ယုံပါခင်လေးရယ်၊ ချစ်သဒ္ဓါပိုတယ်၊ ၀သုန်မြေ ဤလောကီဝယ်
ရွှေဘ၀င်သဲအူပါ၊ စွဲပြန်လေတယ်၊ မင်းမိဘများသိမှာစိုးလှတယ်။
။ ။ (ချစ်ဟန်ဆောင်ပါတယ်၊ ကိုကိုဝေ့လယ်၊ ပျို့ကိုမေ့တယ်၊ အလိမ္မာသဘောနဲ့
ပြောတော့တယ်၊ မိန်းမ ယောက်ျားကမ္ဘာသားတို့ကွယ်) ၂ ၊
(စေတနာမေတ္တာမောင့်ကိုသာတကယ်ထားတယ်၊
အိနြေ္ဒထိန်းသိမ်းရတဲ့သူ မိန်းမသားမို့ကွယ်) ၂ ၊
နေရာတကာဝယ် ကိုကိုဝေ့လယ်မပြုသင့်တယ်။
ကျား။ ။ (ခင့်ကိုသာကြင်မယ်၊ သူဇာနတ်မယ်၊ မူယာဒြပ်ကြွယ်၊
ပါရမီထူးကြောင့် ခုဘ၀၀ယ်၊ သမုဒယချစ်သွေး ခင်မင်သေးတော့တယ်) ၂ ၊
(အစစအရာရာ မေတ္တာဂရုဏာတွေ မောင်ထားမယ်၊
ဤကမ္ဘာဆုံးပါစေတော့ကွယ်၊ မမုန်းရက်တယ်) ၂ ၊
ယုံကြည်ပါတကယ်၊ ကိုကိုသနားခံမယ် ချစ်သက်လယ်။
။ ။ကြင်နာမယ် ခေါင်းထဲကဆံပင် အသဲနဲ့ကွယ်၊ ရင်ကိုခွဲလို့သာပေးဝံ့တယ်၊
ဤဇမ္ဗူမှာချစ်တဲ့စိတ်ဆိုတာ တကယ်စွဲတယ် ) ၂ ၊
သက်လှယ် တမိုးအောက်မှာ တစ်ယောက်ထင်တယ်၊
ရွှေမေတ္တာယှဉ်ပြိုင်ကာနွှဲမယ်၊ ချစ်ပါတယ်၊ တူတူမခွဲပေါင်းပါ့မယ်။
ချစ်ဟန်ဆောင်ပါတယ်……………………မပြုသင့်တယ်။

မာတိကာ သို့ .....