သိချင်တယ်

မျှော်လင့်ချက် တစ်ခုနှစ်ခုလောက် ငါ့ဆီ နင်ပစ်ထားပြီး
သံသရာ ဟိုအဝေး ..... နင်ခရီးထွက်သွား
ပျောက်ဆုံးခြင်း အနက်အဓိပ္ပါယ် အဖြေတစ်ခုခု
နင် မှာကြားပြီး နမိတ်ဖတ်ခဲ့သလား
ယာဉ်ပျံကြီးစီးပြီး တခြားကမ္ဘာနင်ပျံသန်းသွား
ကမ္ဘာမြေတစ်ဖက်စွန်း ရပ် ငါ ငေးကျန်ခဲ့
ဘ၀နဲ့ မဆံ့တဲ့ အသိတွေမှာ လွန်ဆွဲရင်း
အချိန်တွေ တစ်ဖက်စွန်း ကျိုးကြေပြတ်တောက်သွား
ရင်ခွင်ဗလာကျင်းထဲ
ညှီရော်ပုပ်သိုးခဲ့

ပျက်စီးခြင်း ပျောက်ဆုံးခြင်း ပျက်သုဉ်းခြင်း
ပြိုပျက်ခြင်းရဲ့ နောက်မှာအဖြေ တစ်ခုတော့ သိချင်တယ်
ကွာဝေးခြင်း ကျဆုံးခြင်း ကြေကွဲခြင်း
ပြိုလဲခြင်းရဲ့ နောက်မှာ အဖြေ တစ်ခုတော့ သိချင်တယ်

ဘာမှမရှိတဲ့နောက် ဘာကျန်ဦးမလဲ
ဘယ်လို ငါတွေးပြီး ဘယ်ဆီ ရှေ့ဆက်မလဲ
ပျောက်ဆုံးခြင်း အနက်အဓိပ္ပါယ် အဖြေတစ်ခုခု
ဘယ်လို ငါတွေးပြီး ဘယ်ဆီရှေ့ဆက်မလဲ

မာတိကာ သို့ .....