ဗမာ့သွေး

မြန့်မာဂုဏ်ရည် ဖုန်းကံရှင်များထင်ရှားခဲ့ပြီ၊ ကုန်းဘောင်နွယ်ရိုး သခင်မျိုးဖြစ်သည်၊
ခေတ်သစ်ထူထောင်မည်၊ အရေးတော်ပုံအောင်ပါစီ၊ နောင်လာနောက်သား ကောင်းစားကြပေမည်။
(ဗုဒ္ဓဘာသာအစဉ်မညှိုးပါသဖြင့် သခင်ရိုးရာအစစ် တထစ်ချယုံကြည်) ၂ ၊
(နေတနှုန်းပမာ ဖုန်းသမ္ဘာ ကြီးမြတ်တော့သည်၊ ဇာတိသွေးကို မွေးအားပေးသင့်ကြပြီ) ၂ ၊
(ဗမာသတ္တိကို သိကြလိမ့်မည်၊ မကြောက်တတ်ပါသည်၊ မရွံ့တတ်ပါသည်၊
အော် စွမ်းတဲ့စွမ်းရည်၊ ဒို့ဗမာဇာနည်၊ မျိုးမဟာသာဂီ၊ ဒို့ဗမာဇာနည်၊ ကမ္ဘာသိအောင်ကြံစည်၊
အမျိုးသမီးအမျိုးသား နိုးကြားသင့်ကြပြီ၊ ခေတ်သစ်ထူထောင်မည်) ၂ ၊
ဗမာပြည်ကြီးအောင်ပါစေ။
သံပြိုင်။ ။ (ဖုန်းရှိန်ရော မတိမ်ကောသည်) ၂ ၊ လာပြီ တို့ဇာနည်၊
မျိုးရိုးကောင်း အကြောင်းပြမည်၊ အထင်မသေးနှင့် ဇာတိစစ်ဆေး သခင်သွေးဖြစ်ပါသည်။
(စွမ်းရည်သတ္တိညီ၊ တို့ဗမာဂုဏ်ရည်။ ဧကရာဇ်မင်းတေဇာလင်း ၀င်းပြောင်လာတော့သည်။
ယခင်ရှေးခေတ်မှာ အစဉ်တွေးရစ်စရာသခင်သွေးဖြစ်ပါသည်) ၂ ၊
(ဖုန်းကံရှင်တွေစုံအညီ၊ ပြောကာပြအုံးမည်) ၂ ၊
လက်ရုံးဘက်ကတော့ ပြူစောထီးလွန်ကြီးမားသည်၊ ပညာဥာဏ်ဘက်ကတော့ အနန္တသူရိယအမည်၊
စလေဦးပုညနဲ့ ၀န်ဇင်းမင်ရာဇာပါ များစွာရှိသေးသည်၊ ရေးလို့ဖြင့်မကုန်နိုင်ပြီ၊
ဗမာအမျိုးသားရဲ့တို့ဂုဏ်ရည်၊ နွယ်သာကီ စိုးမိုးလာခဲ့ပါတဲ့ ရာဇဌာနီ၊ တိုင်းမြန်မာပြည်။
သံပြိုင်။ ။ ဖုန်းရှိန်ရော………………….သခင်သွေးဖြစ်ပါသည်။
(တို့ဗမာအမျိုးသမီးများမှာလဲ ထင်းရှားခဲ့ပေသည်၊ မချို့ပါအားလုံးဘုန်းတန်းခိုးနဲ့ တိုးတက်ကြအုံးမည်) ၂ ၊
(မိဖုရားစောက ကျော်ဇောခဲ့ပေသည်) ၂ ၊ ကျမ်းဂန်တတ်တဲ့ ကုမ္မာရီ ရှိသေးသည်၊
အမှန်ပင် သတင်ကြီးခဲ့သည်၊ သံပျင်မင်းသမီးရဲ့အမည်၊ စွမ်းတဲ့ကုမ္မာရီ၊
ရဟန်းတော်များကိုတောင်စာဝါချလို့ပြရပေတော့သည်၊
နွယ်သာကီစိုးမိုးလာခဲ့ပါတဲ့ ရာဇဌာနီ၊ တို့တိုင်းမြန်မာပြည်။

မာတိကာ သို့ .....