ဘာမှမဖြစ်သလိုနဲ့

ဟိုး ..... ၀ိုး ..... လူတွေရှုပ်ထွေးဆဲ လမ်းမရဲ့တစ်ဖက်မှာ
ငါဟာ တစ်ယောက်တည်းပဲ မျှော်လင့်ခြင်း ကင်းမဲ့နေချိန်ပေါ့
မင်းနဲ့တို့ ချစ်ခြင်းဟာ ခြောက်ကပ်တဲ့ အဆုံးမရှိတဲ့
နေ့များစွာရရှိခဲ့ အို ဘာမှ မဖြစ်သလိုနဲ့

လူတွေသိပ်များတဲ့ လမ်းအတိုင်း လျှောက်သွားဖို့
ငါဟာ အဖော်တစ်ယောက်လောက် ယုံကြည်ဖွင့်ဟဖို့ လိုမှာပေါ့
လေးနက်တဲ့ အချစ်အကြောင်းကို မတွေးဖူးတော့
အေးစက်စက် အနမ်းတချို့သာရရှိခဲ့ အို ဘာမှမဖြစ်သလိုနဲ့

ဘ၀ဟာ အထီးကျန်ခြင်းများစွာနဲ့ လျှောက်ရမယ့် လမ်းတဲ့လား
ရှေ့မှာတွေ့မယ့် အချိုးအကွေ့တွေအတိုင်း
ရင်ဆိုင်ဖြတ်သန်းနိုင်မလား မင်းကို စိုးရိမ်မိခဲ့ပေမယ့်
ကြိုးစားပြီးသွားပါတော့ အချစ်ရေ အရှုံးတွေတွေ့ရင် နင်ဝမ်းမနည်းနဲ့
အားတင်းထားလိုက်ပါလေ အို ဘာမှမဖြစ်သလိုနဲ့

လူတွေရှုပ်ထွေးဆဲ လမ်းမရဲ့တစ်ဖက်မှာ
ငါဟာ အဖော်တစ်ယောက်လောက် ယုံကြည်ဖွင့်ဟဖို့ လိုမှာပေါ့
လေးနက်တဲ့ အချစ်အကြောင်းကို မတွေ့ဖူးတော့
အေးစက်စက် အနမ်းတချို့သာရရှိခဲ့ အို ဘာမှမဖြစ်သလိုနဲ့

ယုံနိုင်စရာအရာရာ လေမှာလွင်ပြယ် ပျောက်ကွယ်သွား
သီချင်းဟောင်းလေး တစ်ပုဒ်ကို ဆက်ဆိုနေဦးမယ်
တစ်ချိန်ချိန်မှာ နာကျင်စရာတွေ တို့ပြန်တွေ့နိုင်မလား
ရင်မှာ မထူးဆန်းပါ ငါ မခံစားတော့ဘူး

မာတိကာ သို့ .....