လွမ်းနေပြီ

မင်းကိုချစ်ခဲ့ ဒီစိတ်ကလေးထဲရှင်သန်နေဆဲ နေ့ရက်တွေ
ဘယ်အခါပျက်စီးမသွားပါ ငါမင်းအတွက်ရှိနေမှာ

မင်းသာငါ့အတွက်အလိုအပ်ဆုံးပါ ကျန်တာတွေလည်းဂရုမစိုက်ဘူးကွာ
မင်းလေးတစ်ယောက်တည်းချစ်တာငါ့နေ့ရက်တိုင်းပါပဲ

မင်းကိုပဲ ကမ္ဘာကြီးအဆုံးတိုင်လက်တွဲမယ် အချစ်ကလေးရယ်
မင်းယုံလိုက် ငါချစ်သမျှတွေပုံပေးမယ် အချစ်ကလေးရယ်
ချစ်သူရယ် ဒီနှင်းကလေးတွေ မကုန်ဆုံးခင် ပြန်ခဲ့ပါ လွမ်းနေပြီ

ဝေးနေတဲ့အချိန်တွေတိုင်းမှာ ရင်မှာကြေကွဲတမ်းတမိနေတာ
မင်းလေးပြန်ခဲ့အချစ်ရာ ဘယ်လိုခရီးဆက်ရမှာလဲ

ဟိုးအရင်မင်းရဲ့ကဗျာတွေလည်း ငါပြန်ကြည့်တိုင်းလွမ်းလို့ရူးနေတယ်
မင်းလေးငါ့အနားရှိရင် ကမ္ဘာကြီးပြည့်စုံတယ်

မာတိကာ သို့ .....