အချစ်စကြ၀ဠာ

မြူတိမ်နှင်းမိုး ဖုံးပိတ်ထားတဲ့ နေ့များမှာ နေမင်းကိုမျှော်ရတာ
စိတ်မောစရာနော် အမှောင်ထုလွှမ်းမိုး ဆိတ်ငြိမ်လွန်းတဲ့
ညဉ့်များမှာ လမင်းကိုမျှော်ရတာ ရင်မောစရာနော်
နေဆိုတာနေ့ရဲ့ အသက်ပါလေ လဆိုတာ ညဉ့်ရဲ့ဝိညာဉ်
နေမသာ လမသာတဲ့ ကမ္ဘာ သြော် အထီးကျန်လိုက်တာ
အချစ်ကိုလေ မတွေ့ရတဲ့ နေ့ညဉ့်များစွာ ကိုယ့်ရင်မှာသတိရစိတ်
လွမ်းလွန်လွန်းတယ် မဖြစ်ချင်ဘူး ဝေးသွားတဲ့အချစ်ဇာတ်လမ်းလို

မခွဲနိုင်ဘူး ကိုယ့်ဘ၀ထဲ နားနေနှင့်နော်
မြူတိမ်နှင်းမိုး ဖုံးပိတ်ထားလည်း မမှုတော့ပါ
ရင်ထဲမှာနေ နေမင်းကို ဖန်ဆင်းကာရယ်
အမှောင်ထုလွှမ်းမိုး ဆိတ်ငြိမ်လွန်းလည်း မမှုတော့ပါ
ရင်ထဲမှာ လမင်းကိုဖန်ဆင်းကာရယ် ကြင်နာသူ ကိုယ့်ရဲ့အနားမှာ
ဘ၀ကိုလေရောင့်ရဲတင်းတိမ် နေမ၀င်လမကွယ်တဲ့ ကမ္ဘာ
သြော် သိပ်ပျော်စရာ ကိုယ့်ရင်မှာ အမြဲရှိတဲ့ အချစ်နေကလေးရယ်
အမုန်းဆိုတာ တို့ဘ၀အတွက် နှုတ်ဆိတ်သွားပြီ
အပြုံးဝေဆာ ငြိမ်းချမ်းလို့ ချစ်ကြည်နူးမယ်
နေမ၀င်လမကွယ်တဲ့ ကမ္ဘာ အချစ်စကြ၀ဠာ

မာတိကာ သို့ .....