လာခေါ်လှည့်

ဆုပ်လည်းဆူး စားလည်းရူးဘ၀ပါကွယ် ပျော်မလား
အချစ်မနှစ်သက်သူ သည်ရင်ခွင်မှာ ဘယ်လို သွားပျော်မလဲ
လာခေါ်လှည့် လာခေါ်လှည့်ပါ ချစ်သူရယ် အို......
လာခေါ်လှည့်

အားကိုးခဲ့ ပြေးထွက်ခဲ့ တစ်ယောက်တည်း ရှိနေဆဲ
လက်ကမ်းမယ့် အချစ်ကလေးရဲ့ အရိပ်များတွေ့လေမလားလို့
လာခေါ်လှည့် လာခေါ်လှည့်ပါ ချစ်သူရယ် အို......
လာခေါ်လှည့်

အို ...... အကြင်နာတရားလည်း ခါးနေရဲ့
အို...... အန္တရာယ်များလည်း တွေ့နေတယ်
လာခေါ်လှည့်ပါ ချစ်သူရယ်

မာတိကာ သို့ .....