တိတ်တိတ်လေးကြေကွဲ

မင်းအကြောင်းပဲ တွေးနေတယ် သန်းခေါင်ယံတွေထဲ
မင်းအပြုံးလေး နမ်းချင်တယ် ဘယ်ဆီမှာလဲ
မင်းကတော့ သိနိုင်မှာ မသေချာတော့ဘူး

ကိုယ့်ဆုတောင်းလေးတွေလည်း တစ်ခါမှ မပြည့်ဘူး
မိုးစက်တို့အောက်မှာလေ တစ်ကိုယ်ရေလျှောက်ဆဲ
နားဖို့အရိပ် မတွေ့နိုင်တယ် နွေနေပူထဲ
မင်းမရှိတဲ့ ဘ၀ဟာလေ မစိုပြည်နိုင်ဘူး / ပါ ကွဲသွားတဲ့
အသည်းများလည်း ပြန် မကောင်းတော့ဘူး / လည်ကောင်းမလာ

ကြင်သူရေ မင်းရဲ့ ထိတွေ့ခြင်းတွေ အစားထိုးဖို့ အရာမရှိလို့
အို ... တိတ်တိတ်ကလေး ကြေကွဲခဲ့ရသူပါ မဆုံနိုင်ရင်
မင်းရဲ့ အချစ်လို ကိုယ့်ကို နှစ်သိမ့်မယ့်အရာ မရှိပြီ
အို ... တိတ်တိတ်ကလေးကြေကွဲခဲ့ရသူပါ
လူတွေ မမြင်နိုင်အောင်ဘဲ လွမ်းမယ်

ဝေဒနာ မဖြေသာဘူး အချိန်တွေ ဘယ်လိုကုစား
ဒဏ်ရာတွေသာ ပိုများ မကြာခင် ဆုံနိုင်မလား အိုး

ဟူး ..... လွမ်းမယ်
လူတွေ မမြင်နိုင်အောင်ဘဲ လွမ်းမယ် .....

မာတိကာ သို့ .....