အချစ်စိတ်

အိပ်မက်လို လက်တွေ့အဖြစ်လို ဝေခွဲမရပါ
နိုးထခဲ့ ညရဲ့ ပြတင်းမှာ လရိပ်တိုးချိန်
ငါဟာ ကြယ်ပင်လယ်ထဲ အပြေးအလွှားလိုက်ရှာ
ငါ့ရဲ့ စိတ် ခုန်ဆင်းသွား
မင်းလေးရှိတဲ့ အရပ်ဆီ ခုန်ဆင်းသွားတဲ့ ငါ့ စိတ်များ
ငါလေ ပြန်လည် ဖမ်းမမိပါ ဆန်းပြား
ရင်ခုန်သံဟာ ငါနဲ့ အဆက်ပြတ်ပြီး ရှင်သန်နေ သိပ်ဆန်းပြား

ယုံကြည်လိုက် ယုံလိုက်
ငါ့ရဲ့ စိတ်တို့ ဒီမှာ ဒူးထောက်လိုက်ပြီ/
ငါ့ရဲ့ စိတ်တို့ မင်းဆီမှာ ဒူးထောက်ပြီ
ရော့ ယူတော့ ငါ့ အချစ်များ

စိတ်ဟာ စိတ်တစ်ခု ရှာဖွေကာ ပေါင်းစပ်ချင်တယ်
အချစ်ဟာ အချစ်တစ်ခု ဆုံမိရင် ဘ၀တစ်ခု ဖြစ်မယ်
ဆန့်ကျင်ဘက်များ ညီစေရင် အလှတစ်ခု ဖြစ်မယ်
သိပ် ဆန်းကြယ်လွန်း

ငါ့ရှေ့က ဖြတ်လျှောက်သွားတဲ့ လေညင်းလေးရယ်
ငါ့ရင်ထဲမှာ လှိုင်းတွေ လှုပ်ခတ်သွား
ဟန်ဆောင်ကာ နင်လေ မချစ်ဘူး ပြောရင်လည်း
ငါ တကယ် စိတ်မဆိုးတော့
အားလုံး ခွင့်လွှတ်စိတ်နဲ့ ငါ ဆက်ချစ်မယ်
ငါ့ကို ငါ့စိတ်များ ပြန်ပေးပါလား
ငါ ဘယ်လို ပြန်လည်ကာ ဖမ်းမရတဲ့ စိတ်ဟာ
လူကို လှောင်ပြုံး ပြုံး

မာတိကသို့ .....