ရလဒ်

အမှောင်ထဲစမ်းတ၀ါးလျှောက်လှမ်းငါမသိ

သွားစမ်းပါ ဟိုအဝေးကို မေ့လိုက်ပါ အရင်အတိတ်ကို
စိတ်ဝိညာဉ် လွင့်မျောနေ လက်ရှိဘ၀ကရုန်းထွက်
ငါ့ညတွေ မှောင်မိုက်နေ အလင်းမဲ့နေအိပ်မက်တွေ
ဟောင်းနွမ်းနေ အရင်ဘ၀လို ချန်ထားခဲ့

ငါ့ရဲ့စိတ်တွေငါ့ရဲ့ညတွေ အရာရာဟာလေ ပျောက်ဆုံးနေ
ငါ့ရဲ့ဘ၀ ငါ့အသိဥာဏ် ငါ့အိပ်မက်တွေ လွင့်မျောနေ
ရူးသွပ်မှုတွေ တပ်မက်မှုတွေ ပြည့်နှက်နေပြီ
အတိတ်က အကြောင်းများမေ့ထားပစ်လိုက်
ဦးနှောက်မခြေက်နဲ့ ခေါင်းတွေမရှုပ်နဲ့

ဘယ်ဆီကို လွင့်မျောနေ ငါမသိခဲ့
အရာရာဟာေ၀၀ါးနေ ကမ္ဘာသစ်တစ်ခုရဲ့အထဲ

ပြောင်းလဲခဲ့အိပ်မက်တွေနဲ့ ရှင်သန်နိုးထလာဒီမနက်များ
ဒဏ်ရာတွေ ဝေဒနာတွေအကုန်ငါမေ့ထားဝေးဝေးသွားလိုက်ပါ
စိတ်ဓါတ်တို့အသစ်နဲ့ ငါသီချင်းသံစဉ်များထဲမှာ ပျော်ဝင်သွား
အချိန်နာရီတွေအလယ်မှာ ငါနစ်မြုပ်ရင်းကျန်တာတွေမေ့ထား

လဲလျောင်းနေ ဒီအရိပ်တွေ ငါ့အသိဥာဏ် ကုန်ဆုံးနေ
စိတ်ဝိညာဉ်လွင့်မျောနေ လက်ရှိဘ၀ရုန်းထွက်ခြောက်လှန့်နေ
အရင်အတိတ်တွေအားလုံးငါမေ့ထားမယ်
ဟောင်းနွမ်းနေ အရင်ဘ၀လို ထားရစ်ခဲ့

မာတိကာ သို့ .....