တေဇသုနေမ

ဘ၀က အသင်္ချေအနန္တရယ်က ပန်သခဲ့ပါတဲ့ ပါရမီတွေရယ်
ဘုရားလောင်းတော် အကြောင်းမျှော်ဆဘွယ်၊ ဓမ္မတရားနဲ့များစွာ ညီညွတ်တယ်၊
သဒ္ဓါရည်မနွမ်းခဲ့တဲ့ ပါရမီခန်းကို လမ်းညွှန်ပြချင်ပါတယ်။
(နန်းသလွန်မြတ် လျစ်လျူရှုချင်တဲ့တရားသဘောနဲ့ကြံရွယ်၊
စကားမပြောဘဲ ဘာဝနာအလီလီကြံတယ်) ၂ ၊
ထိုနောက်တဖန် ဇနကမင်းဖြစ်စဉ်ကတော့ လုံ့လကို အထူးရွယ်၊ သမုဒ္ဒရာကိုကူးတယ်၊
ထူးပါဘိပါရမီအရှင်ရယ်၊ နာမမိအစဉ် ဦးတင်သပါသည်။
သည်းသည်းခံတဲ့ ပါရမီတွေရယ်၊ ဂုရုဓမ္မမျှတယ်၊ သုဝဏ္ဏသျှံဘ၀ရယ်၊
မချိအောင် မြားကိုယ်မှာခသော်လဲ အမှားဆိုသမျှအပြစ်အနာတွေကိုပယ်၊
တရားအလိုကျသစ္စာဆိုမယ်၊ ဘေးဥပါဒ်အန္တရာယ် ကင်းလွတ်ပြန်ပေတယ်၊
ပါရမီရင့်သန်ပါလို့ရယ်၊ မိဘနှစ်ဖြာ မျက်စိနှစ်ဖက်လင်းပြီးတော့
လက်တွေ့ချက်ချင်း ရွှေအိုးရတော် မူပြန်တယ်။
(ကောင်းမှု ကုသိုလ်အခြေရှိတဲ့ နေမိဘုရင်ရယ်၊ ထူးခြားပါပေတယ်) ၂ ၊
ဝေဇယန်ဘုံလယ် ရထားနှင်ကာဘဲ သိကြားမင်းကလဲ ဆောင်းကြဉ်ရတယ်၊
လူ့ပြည်မှာမကျန်ဘွယ်၊ နတ်ပြည်ကိုလဲငရဲပြည်ကိုလဲ တကယ်ဘဲရောက်ခဲ့တယ်၊
ဘ၀က ဒါနသီလရယ်၊ (မနွမ်းကယ်ဆန်းကျယ်) ၂ ၊
ကထာအကြောင်း မျှော်မှတ်ဖွယ်၊ ဘဂ၀ါလောင်းတော်မြတ်ကယ်၊
လွန်စွာပင်သဒ္ဓါကြည်နူးထူးပါဘိ ပါရမီ့ရှင်ရယ်၊ နမာမိအစဉ် ဦးတင်သပါတယ်။
ငွေစန္ဒာသော်တာတမျှငယ်သို့ မဟော်သဓာဘ၀ရယ်က ပညာဂုဏ်ရောင်ခြယ်၊
စီဘက်မရအောင် ဥာဏ်လက်စတွေ ပြတော်မူပြန်တယ်၊ ဆယ်ဘွဲ့ဝင် ထင်ရှားမှတ်ဖွယ်၊
မြတ်လှပါတဲ့ ပါရမီ အထူးပင်စုံညီတယ်၊ ဠကထာအကြောင်းမျှော်မှတ်ဖွယ်၊
ဘဂ၀ါ အလောင်းတော်မြတ်ရယ်၊ လွန်စွာပင် သဒ္ဓါကြည်နူး
ထူးပါဘို့ ပါရမီ့ရှင်ရယ်၊ နမာမိအစဉ် ဦးတင်သပါတယ်။

မာတိကာ သို့ .....