ဝေးခဲ့သူ

အရင်က မင်းနဲ့ ငါ့ရဲ့ ထိတွေ့ခဲ့တဲ့ အချိန်များ အခုတော့ ဝေးပြီလား
ဒီလူဟာ တကယ်ပါ ကမ္ဘာတွေ ပျက်သုဉ်း သွားသည့်တိုင်
ငါ မင်းကို ချစ်သွားမှာ Yeah ...
မင်း ဘာကြောင့်များ ထားခဲ့ချင် ငါ့အတွက် အချစ် လုံးဝ မဖြစ်လို့လား
အပြစ်ရှိရင် နင် ခွင့်လွှတ်ပေးပါလား အချစ်ရယ်

မွန်းကျပ်တဲ့ အခန်းထဲက ငါ့ကို နင် ပြန်လာကြည့်ပေး
ခြောက်သွေ့ဆဲ ငါ့ ၀ိဉာဉ်နားကို နင် ပြန်လာကြည့်ပေး
အချစ်တို့နဲ့ ဝေးခဲ့သူ ကိုယ့် အနားကို နင် ပြန်လာနေပေး
အချစ်အတွက် မျှော်လင့်ခြင်းလေး

မပျော်ရွှင်နိုင်သော အခန်းရဲ့ ထောင့်လေးမှာ ငါ တိတ်တိတ် ကြေကွဲရင်း
သူ့အနမ်းတွေကို နမ်းရင်း သူ့ အကြောင်းတွေကို တွေးနေ
ကိုယ် စိတ်ကူးယဉ် မင်း မင်းအတွက် တကယ်ပဲ အရူးပြောပါ
အချစ် နောက်တစ်ခေါက် ပြန်ခဲ့ပေးပါဦး
ငါလေ ပြန်လည်စောင့်စားရင်း မျှော်လင့်ဆဲကွယ်

မွန်းကျပ်ဆဲ အခန်းထဲမှာ စောက်ထိုးမိုးမျှော်နဲ့ မလန်းခဲ့ပါ
အဖြစ်ဆိုး ရှုစရာမကောင်း ဘုရားစင်ရှေ့ အထပ်ထပ် ဆုသာတောင်း
ဝေး ... ဝေး ... မဆုံနိုင်အောင်ဝေး တစ်ချက်တောင် လှည့်မကြည့်ခဲ့ဘူး
အရာရာဟာ နတ္ထိ ငါ့ဘ၀ မြင်နေကျအရာ အားလုံး မလှပ
ခံရခက်တဲ့ အရှုံး ဒီမှာ မင်း ပြန်ကြည့်ပေးပါဦး တစ်ခဏ
တစ်ဘ၀စာ လိုအပ်ခြင်း ခုတော့ အားလုံးပျက်ယွင်း ထိုဇာတ်တွင်း
အခန်းထဲမှာ ပိတ်လှောင်နေပြီ အပြုံးများနဲ့ အရိပ်အရောင်တွေသည်
အတွေးများနဲ့ အမျိုးမျိုးပဲ ငါ တစ်ယောက်တည်းကို အမြဲစိုးမိုးခဲ့

မာတိကာ သို့ .....