မပြုစားနဲ့

အရမ်းဆိုးတဲ့ လွှမ်းမိုးသူရယ် ညစဉ်လို နှိပ်စက်လာပြီး
အိပ်မက်ထဲ သိမ်းပိုက် ထားပြီပေါ့

လမ်းမကြီး ငေးကြည့်နေရင်း မင်း အရိပ်တို့ ရုတ်တရက် ၀င်လာ
ငါ့ရဲ့ ကောင်းကင် မင်းပဲ စိုးမိုး
မမြင်ချင်ယောင်ဆောင် ခေါင်းကို ငုံ့ပစ်လိုက်တယ်

အားလုံးသိတယ် မင်းရဲ့အကြောင်းတွေ မရက်စက်နဲ့
နောက်ဆုတ်လိုက် အိပ်မက်ထဲတောင် မင်းမလာနဲ့
မချစ်တတ်သေးရင် ကောင်းမယ် ကောင်းမယ် သွားပြီ ရူးရင် မှားပြီ
ဘေဘီ ငါ့အား မပြုစားနဲ့ / ရင်ခုန်သံနဲ့ မပြုစားနဲ့

အားငယ်အောင် မနှိပ်စက်စေချင် စိတ်လေအောင် ဆက်မလုပ်စေချင်
ဦးနှောက် စားမယ် ရုန်းထွက် ရနိုင်မလား

ရင်ခုန်သံ မြန်မြန်လာတယ် တို့အဖြစ်ဆိုးပြီ
မမြင်ရ ငိုချင်လာတယ် ဘာဖြစ်မှန်း ကိုယ်မသိ
အိပ်မက်ထဲ ၀င်လာ မင်းရဲ့ အရိပ်တို့
ငါ ပြန်မြင်ယောင်၍ကာ ညစဉ် မိုးလင်းသွားတယ်

အားလုံး မငြိခင် မေ့ပစ်သင့်ပြီ မရူးသွပ်နဲ့
ငါဟာ နောက်ဆုတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ် မင်းမလာနဲ့
ရှေ့ဆက်တိုးရင် မှားမှာ ဆိုးတယ် မှားမှာ ဆိုးတယ် ရူးမယ်
ရင်ခုန်သံနဲ့ မပြုစားနဲ့ ဘေဘီ ငါ့အား မပြုစားနဲ့
ရင်ခုန်နေတာ ခက်တယ် မေ့ပစ်လိုက်မယ်
တို့မှားမှာစိုး အချစ်ကို မေ့ပစ်လိုက်မှ
နင် စိတ်မဆိုးနဲ့ဦး မင်းကို မေ့ပစ်လိုက်တယ်

မာတိကာ သို့ .....