ရင်နာတယ် အေပရယ်

သစ်ရွက်နုတို့ ပွင့်ဝေ နွေဦးမိုးရေ ဘယ်ဆီလွင့်မလဲ ရွက်ကြွေအိုတို့ ဘဝ
အမြဲစိမ်းလန်း လှပနိုင်ဖို့ ရွက်သစ်တို့အတွက် ဘေးဖယ် လွင့်ကြွေခရီး
နွေရဲ့ ကြွေရွက်များ

အမှတ်တရ တို့အတိတ်က နွေမှာစတဲ့ အချစ်
ဒီ အေပရယ်နွေရဲ့ တစ်ညမှာ ပြန်ရုတ်သိမ်း
ကြည်နူးလို့ အိပ်မရ အချစ်နွေ တစ်ည
လမ်းခွဲညမျက်ရည် အခုနွေ ခြားနားခြင်း အသည်းထဲက နာတယ်
ဝိုး .....

အိပ်မက် အိပ်မက်လား မင်းရဲ့ အချစ်တွေ
မင်းအချစ်တစ်ခုတည်း ကိုးကွယ်
အခုတော့ အဆုံးသတ် ဝေးပြီလား/တို့ဝေးကြ
အိပ်မက် မဟုတ်ဘူး တို့ရဲ့ အချစ်နွေ
အေပရယ် တို့နှစ်ယောက် အချစ်ဇာတ်လမ်း အိပ်မက်တဲ့လား

မင်းရှေ့မှောက် ဒူးထောက် နွေ အတိတ်ဟောင်းလေးရယ်
ရင်ခုန်သံတွေ ငါတို့ လက်တစ်စုံမှာ စီးဆင်း
မြတ်နိုးခြင်းရဲ့ နိမိတ်ပုံတစ်ခု
မင်းရဲ့ ပခုံးထက် ငါ့ရဲ့ အနမ်းပွင့်ဖူး ၀ိုး ......

တစ်နယ်စီဝေးလည်း တို့ရဲ့စိတ်တွေ အတူနီးခဲ့
ယုံကြည်စွာ လက်တွဲ ဘ၀ကို သုညနဲ့
မျက်ကန်းလွန်းတဲ့ ငါရဲ့ အချစ်
မင်း နှလုံးသားကို သိပ်ယုံမိတဲ့ အမှား အခု ငါ့ဘ၀ ဘယ်မှာ ၀ိုး ......

ငါနဲ့မင်း တစ်ယောက်နဲ့တစ်ယောက်ပြိုင်ခဲ့
ဘယ်သူပိုပြီး ချစ်တာလဲ ရင်ခုန်စွာအချစ်ရူးခဲ့တာ
ဒီဘ၀ကြီးပုံအပ်ပြီး အခုမှ ငါ အသိုက်ပျက်တဲ့ငှက်ဘ၀ ရင်နာတယ် ဒီနွေညများ

နွေ အိပ်မက်လား .....

Download Here !!!
မာတိကာ သို့ .....