ရင်ခုန်မိသူ

ချိုသာစွာပြောတဲ့ မင်းရဲ့စကား တို့အတွက် အနာဂတ်များ ဖြစ်မလား
ကိုယ်မျှော်လင့်မိခဲ့လည်း ဒါတွေဟာ အိပ်မက်တွေပဲလား
ဒီလိုဆို အချစ်ကို မသိတော့ဘူး မင်းနဲ့ ရင်ခုန်ခြင်းတွေအတွက်
ကိုယ်မိုက်မဲမိတယ်ဆို တကယ်ကို ရင်မှာ ကျေနပ်တယ်

မာယာမဲ့သော အချစ်တွေရယ် ရှင်သန်နေတဲ့ နှလုံးသားလေးနဲ့
နင်မချစ်လည်း ပြုံးနေမယ် ကိုယ်ဟန်မဆောင်နိုင် မျက်ဝန်းထဲ
မြင်နိုင်ရဲ့လား ချစ်သူရေ အနီးဆုံးနားမှာ / မင်းလေးနားမှာ ထာဝရအမြဲပဲ
တစ်သက်လုံးရှိချင်တယ် နေမယ် မင်းလေးနား အချိန်တိုင်း

ကိုယ်အကြိမ်ကြိမ်မင်းနဲ့တွေ့ချင်ခဲ့ ချစ်မိနေတာ အပြစ်ရှိလား
တိတ်တခိုး အချစ်တွေရယ် ရင်မှာ လျှို့ဝှက် ဒီအချစ်များ
ကြင်နာသူမင်းက ရှောင်ပုန်းပြီး ပျောက်လို့နေမှာ ကြောက်နေမိ
သူသာ ခွင့်လွှတ်မယ်ဆို ၀န်ခံချင်ပါတယ် အချစ်များအတွက်

ဟေ့ မျှော်လင့်ချက်လေးတစ်ခုအတွက်နဲ့ ငါအသက်ရှင်နေမိတယ်
မင်းပေးခဲ့တဲ့ အိပ်မက်တွေထဲမှာ ငါ နစ်မျောနေမိတာပါ ဒါပေမယ့် အခုတော့
သိလိုက်ရပြီ ငါ အရူးတစ်ယောက်လိုပဲ မဖြစ်နိုင်မှန်း သိတဲ့အရာတစ်ခုကို
မျှော်လင့်နေမိတယ် မင်းငါ့ကို မချစ်နိုင်ပေမယ့် ( ငါမင်းကို ချစ်နေဆဲပါ)

အစားထိုးမရတဲ့ အချစ်တစ်ခုအတွက် ဝေဒနာတွေကို ဖန်ဆင်းမိ
ကိုယ်ယူလာမိတဲ့ ဒီအချစ်မီး သူလေ နာကျင်ခံစားမှာစိုး ဟိုး .....

မာတိကာ သို့ .....