ဘယ်တော့မှ

အိပ်ရာထမနက်တွေတိုင်း ကိုယ့်အတွေးမှာ ဦးစွာပထမ မင်းအပြုံးတွေ
မင်းအရိပ်တွေ ငါ့ဘ၀ကိုအမြဲတမ်း စိုးမိုးခြယ်လှယ် ညတွေလည်း
မင်းပါပဲ အိပ်မက်တွေအားလုံးရဲ့သခင်
စိတ်ကူးတွေအားလုံးလည်းနင် အရာရာသည်မင်းဖြစ်လို့နေတယ်
နွေသည်လည်းမင်းပါပဲ ဆောင်းတစ်ခုရဲ့နှင်းတွေနင်ပဲ
မိုးတစ်ခုရဲ့မိုးစက်တွေအားလုံးဟာ မင်းပဲကြီးစိုးသူလေးရယ်
တောင်းပန်တယ်ချစ်သူရယ် နင်ငါ့ကိုမထားခဲ့လိုက်နဲ့
နင်ငါ့ကိုမရက်စက်လိုက်နဲ့ ငါတကယ်ကိုရူးသွပ်သွားနိုင်တယ်

ဘယ်တော့မှ မင်းလေးငါ့ကို ရက်စက်မထားခဲ့လိုက်ပါနဲ့
ဘယ်တော့မှမင်းလေးငါ့ကို မုန်းတဲ့အကြောင်းတွေ မပြောပါနဲ့ အိုး No...
ဘယ်တော့မှ မင်းမုန်တဲ့ဘ၀မှာ ငါရူးသွပ်သွားနိုင်လို့
ဘယ်တော့မှ ဘယ်တော့မှ ကိုယ့်ကိုမရက်စက်နဲ့ No..No..No
တစ်သက်တာလုံးရှိချင်တာ ချစ်ရသူမင်းရဲ့အနား
မင်းယုံမလား ဘ၀တစ်ခုလုံး ပေးဆပ်ကာချစ်ခဲ့တို့ရဲ့အချစ်များ
မိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းကိုလွှမ်းမိုးတဲ့နင်
ရင်မှာစူးမြုပ်နစ်ဝင် ဒီရင်ခွင်ဟာမင်းအတွက်ပေါ့သခင်
ဘ၀တစ်ခုလုံးလင်းစေခဲ့ မင်းလေးဟာငါ့ရဲ့နေမင်း
ညတွေလည်းလှစေခဲ့ မင်းလေးဟာငါ့ရဲ့ အေးမြလမင်း
တောင်းပန်တယ်ချစ်သူရယ် နင်ငါ့ကိုမထားခဲ့လိုက်နဲ့
နင်ငါ့ကို မုန်းလို့မသွားနဲ့ ငါတကယ်ကိုချစ်လို့သွားတာနင်

မာတိကာ သို့ .....