ဆောက်တည်ရာမဲ့

အတောင်များ ကြေမွ ခရီးကြမ်း နှင်လာ
ခိုနားစရာ အရိပ် ပျောက်နေတုန်း ပျံသန်းရင်းနဲ့သာ
ကန္တာရနေအောက် လောင်ကျွမ်းတဲ့ အတိတ်နဲ့
ငါဟာ ဆောက်တည်ရာမဲ့

စိတ်သောက မီးများ အရိုးထဲထိ လောင်မြိုက်နေ
ငါကိုးကွယ်တဲ့ဘ၀ အချစ်ဟာ အဓိက လုံးဝအမှားတွေ
အိပ်မက်တွေ အားလုံး တကယ် ဆုံးရှုံးခဲ့ပြီ
ငါဟာ ဆောက်တည်ရာမဲ့

အဝေးဆုံး ခရီး ဆက်နေမယ်
အဝေးဆုံး ခရီး ဆက်ဦးမယ်
မချစ်ဝံ့တော့ပါ မင်းနဲ့ ဝေးရာ မင်းနဲ့ ဝေးရာ
ခရီး ဆက်နေဦးမယ် ရင်နာတယ် ချစ်သူ
ငါ နောက်ပြန် မလှည့်ဘူး/ ငါ နောက် မလှည့်တော့ဘူး

အချစ်တွေက အားလုံး လှည့်ကွက်လား
ယုံကြည်ခဲ့သူချင်း ချစ်သူ အရင်း ဘ၀ချင်း ထပ်ကာ
မယုံနိုင်ဘူး မင်း ဖောက်ရက်တဲ့ သစ္စာအတွက်
ငါဟာ ဆောက်တည်ရာမဲ့

အားလုံးပျက်စီးပြီး
ငါ့နှလုံးသားကို အစိမ်းလိုက်ခွဲချေ အစိမ်းလိုက်မင်းခွဲချေ
အို ရက်စက်လွန်း လုပ်ရက်တဲ့ ချစ်သူရေ
နောက်ထပ် မချစ်ဝံ့ပါ အဝေးဆုံး ကို ပြေး အဝေးဆုံး ထိလေ
ခရီးဆက်နေဦးမယ် ရင်နာတယ် ချစ်သူ
ငါ နောက်ပြန် မလှည့်ဘူး

မာတိကာ သို့ .....