စိတ်လျှော့လိုက်

မမြင်နိုင်တဲ့ ငါ့နောက်ကျောမှာ မင်းဇာတ်လမ်းတွေ ရှုပ်နေတာသိပြီ
ဒီအချိန်မှမင်းရဲ့အကြောင်းကို မသိချင်တော့သူအတွက် လာမရှင်းနဲ့ကွာ
ပြန်မလာနဲ့တော့ (မလာနဲ့တော့) မင်းနဲ့ငါမရှိဘူး
နင်မလာနဲ့တော့ (မလာနဲ့တော့ကွာ) ဇာတ်လမ်းပြတ်သွားပြီ
ဟိုတစ်ချိန်က မင်းနဲ့ငါ့အကြောင်းကို ပြောလာသူရှိရင်တောင်မုန်းမှာ
မခံနိုင်ဘူး ရှက်စရာကောင်းတယ် မပက်သတ်ဘူး
မသိသလိုနေတော့မှာ နင်လာမရှုပ်နဲ့ (လာမရှုပ်နဲ့)
လုံးဝလက်မခံဘူး ပြန်လာမရှုပ်နဲ့ (လာမရှုပ်နဲ့ကွာ)
အပြင်မှာမြင်နေရင်တောင်မသိသလိုရှောင်ဖယ်နေပါတော့
ငါတကယ်ကိုအရမ်းကြီးမုန်းသွားခဲ့ပြီး စိတ်ပျက်သွားပြီမို့
ပြန်ဆက်ဖို့အိပ်မက်ထဲတောင် မမက်ဘူး
ငါ့ရဲ့အကြောင်းမင်းသိမယ်စဉ်းစားလိုက်ပါဦး
အဆုံးအဖြတ်ပြောင်းလဲတတ်သူမဟုတ်ဘူး (စိတ်လျှော့လိုက်)
ငါယုံစားခဲ့တာအခုပြန်တွေးရင် ငါ့ကိုယ်ငါသတ်သလို
ဘာ့ကြောင့်များအချစ်မှာ ရူးသွပ်ဖူးတာလဲကွာ ငါ့ကိုယ်ငါအံသြလာ
မလိုချင်တော့ပါ (မလိုအပ်တော့) နောက်ထပ်အချစ်တွေ (မသိချင်ဘူး)
မလိုချင်တော့ဘူး (မလိုအပ်တော့ပါ/ဘူး)
ငါ့ရင်မှာနာကျင်နေပြီ မင်းကို ဘယ်တော့မှပြန်မလာနဲ့
စိတ်လျှော့လိုက် စိတ်လျှော့လိုက်

မာတိကာ သို့ .....