အမှတ်တမဲ့

အမှတ်တမဲ့လေးပဲ ရင်ထဲရောက်လာ အားလုံးပဲ မင်းသိမ်းပိုက်ပြီလေ
အမှတ်တမဲ့ တွေ့ရှိတဲ့ မင်း အရိပ်ဟာ နှလုံးသားအား ဖဲ့ခြွေနေပြီလေ
မရုန်းနိုင်တော့ဘူး ငြိတွယ်မိခဲ့ ရုတ်တရက်လေးပဲ ငါချစ်သွားခဲ့ပြီလေ

ယုံရဲ့လား ယုံမှာလား ဒီမှာ စွဲလမ်းနေပြီမို့
မင်းဖွင့်ပြောတဲ့အခါ ချစ် လိုက်/ တော့ မှာ
ဘာကိုမှ ငါ ဂရုမထား ဒီလို ချစ်တာအပြစ်ပဲလား
သူ ဖွင့်ပြောလာမယ့် အချိန်လေးစောင့်နေ မျှော်လင့်ပါရစေ

အမှတ်တမဲ့လေးနဲ့ ချစ်သွားခဲ့တာ ငါ့အတွက် သိပ်ထူးဆန်းတဲ့ အချစ်တွေပါ
အများက ၀ိုင်းပြီးတော့ ပြောကြတာ မကြုံဖူးသေးလို့ပဲဖြစ်မှာပါ
တွေ့ဆုံခြင်းက ခဏတာလေးပဲ ငါ့ ရင်ထဲကြွေပြီလေ ဘ၀တစ်သက်စာ

တွေ့ဆုံခြင်းက ခဏတာလေးပဲ ငါ့ရင်ထဲ ကြွေပြီလေ ဘ၀တစ်သက်စာ

မာတိကာ သို့ .....