ပြန်လာပါ ..... စိတ်ပူတယ်

နွေညများရယ် ကုန်ခဲလှတယ် ပူလောင်အိုက်စက် တိုက်ခန်းထဲမယ်
ငါလေ ဖယောင်းတိုင်ငယ်လေး ထွန်းကာ မျှော်နေဆဲပါကွယ်

ဒီမှာ မနက်စာတွေ မလတ်ဆတ်ခဲ့ မပြင်ဆင် တွန့်ကြေအ၀တ်အစားများနဲ့
အဆင်မပြေဘူး မင်းမရှိတော့ ငါတစ်ယောက်တည်းနဲ့

လမ်းဖြတ်ကူးလည်း ဘယ်သူ လက်တွဲမလဲ
မသိစိတ်မှာ အမြဲတမ်း ကပ်ငြိ မင်းရဲ့ အရိပ်တွေနဲ့
ပြန်လာပါကွယ် စိတ်ပူတယ် ဆက်ပြီး မရက်စက်ပါနဲ့
ဒီလို အထီးကျန် ဘ၀ထဲမှာ/ ကမ္ဘာထဲမှာ
ငါအထီးကျန် တစ်ယောက်တည်းပါ
ထပ်ပြီး မနှိပ်စက်ပါနဲ့ တောင်းပန်လိုက်တယ် (အချစ်ရယ်)

လူတွေကြပ်တဲ့ ဘတ်စ်ကားကြီးထဲ အတူတူစီးတာ ပြန်သတိရတယ်
ရန်ကုန်မြို့လယ် ပလက်ဖောင်းဈေးထဲ အတူလည်ဖူးပါတယ်

အတူတူစားတဲ့ ကင်န်တင်းလေးရယ် အတူတူသွားတဲ့ ဘုရားပုထိုးရယ်
မြင်ယောင်ပြီးတော့ လွမ်းဆွတ်အချိန်တိုင်းပဲ

မာတိကာ သို့ .....