ကတ္တီပါလမ်းခွဲ

တကယ်ဆို ဒီအခြေအနေကို ရောက်မှတော့လည်း
ပြန်ပြင်လည်နိုင်စရာ အကြောင်းတို့ မရှိတော့ဘူးကွယ်
ဘယ်လို ငါ ယုံကြည်စွာ ချစ်ခဲ့လည်း
အားလုံးဟာ ဒီလိုအချိန်မှာ အလကားပါပဲ

မျှော်လင့်ချက် လုံးဝပျက်သုဉ်းသွားခဲ့တယ်
နောက်ဆုံးတော့ အိပ်မက်တစ်ခုလိုပဲ

လူဆိုတာ ဘယ်နေရာမဆို အတ္တနဲ့ပေါ့
ကိုယ်မှန်မယ်ထင်တာတွေကို လုပ်တတ်ကြတော့
ငါတို့ နှစ်ယောက် အတူနေတာတွေ ကြာမြင့်လေလေ
တဖြည်းဖြည်းနဲ့ မိုင်တွေထောင်ချီကာ (ဝေးကွာလေ) ၂ ဝေးကွာနေရင်း

ဒီဘ၀တော့ ဒီမျှနဲ့ ဇာတ်သိမ်းတစ်ခန်းရပ်ပြီ
ရုပ်ကြွင်းတစ်ခု အိပ်မက်တစ်ခုလိုနော် ..... ဝေး .....

ကတ္တီပါလမ်းခွဲ ငါနဲ့မင်းနဲ့ အပြီးသတ်နှုတ်ဆက်ချိန်
ကတ္တီပါလမ်းခွဲ ဒါနောက်ဆုံးပဲ

ဒဏ်ရာတွေ လွန်ကုန်ပြီလေ ကုစားရင်းနဲ့
ဘယ်လိုမှ ရှေ့ဆက်ဖို့ရာ လမ်းများမရှိခဲ့ ဒီအချိန်မှာ
တူညီနေတဲ့ သဘောထားတာ အခုတော့
ငါတို့ နှစ်ယောက် ကျောခိုင်းဖို့ ဆုံးဖြတ်လို့ အဝေးဆုံးသို့
ဒီဘ၀တော့ ဒီမျှနဲ့ ဇာတ်သိမ်းတစ်ခန်းရပ်ပြီ
ရုပ်ကြွင်းတစ်ခု အိပ်မက်တစ်ခုလိုနော် ..... ဝေး .....

မာတိကာ သို့ .....