မဟောင်းတဲ့နေ့

ငါ တစ်ယောက်တည်း ရှိတဲ့ ဒီ မနက်ခင်းလေး
မရည်ရွယ်ဘဲ ရောက်လာတယ် ဟိုအရင်က အတိတ်
ပထမဆုံး တို့နှစ်ယောက် ဆုံတဲ့နေ့ စိတ် စိတ်ချင်း
နားအလည်နိုင်ဆုံး နေ့ ကြင်နာသူရေ ရင်ခုန်စရာ

ငါလိုပဲ မင်း အချစ် မြင်ယောင်သေးလား
ငါ တကယ် ချစ်ခဲ့တယ် ဒါ ပုံပြင်လေး မဟုတ်
အသည်းနှလုံးချင်း ပွေ့ဖက် အင်အားများ အဓိပ္ပါယ်နဲ့
ပြည့်စုံစေတဲ့ ဘ၀ ကြင်နာသူရေ ရင်ခုန်စရာ

အရင်လို ... ငါတို့ နှစ်ယောက်ထဲ အတူရှိတဲ့ ကမ္ဘာ
အတူ လျှောက်တဲ့ လမ်းတွေ မေ့သွားပလား
မျှော်လင့်ချက်တို့ မခိုင်မြဲခဲ့ကြ
ငါတို့ လက် အချိန်ကြာကြာ ဆက်တွဲခွင့်မရ
တို့နှစ်ယောက်ထဲ အတူရှိတဲ့ ကမ္ဘာ/နေ့များ
ဟိုတုန်းက အကြောင်းလေးကို ပြန်စဉ်းစားတိုင်း
အားလုံးပြန်တွေး စဉ်းစားတိုင်း
ငါတို့ နှစ်ယောက်ရဲ့ / မမေ့နိုင်တဲ့ မဟောင်းနိုင်တဲ့နေ့

ဟိုအရင်က အတူ ပျော်ခဲ့တဲ့နေ့
ခဏလောက်လေး ငါ ပြန်ရချင်တယ်
ကြင်နာသူရေ ရင်ခုန်နေဆဲ
တို့ နှစ်ယောက်ရဲ့ အချစ်တွေ ပြောင်းလဲခဲ့
အဖြစ်အပျက်တွေ နေ့အိပ်မက်လို့ ထင်ပေမယ့်
ဒီ အိပ်မက် မေ့ဖို့ရာ သိပ်ခက်လို့ ငါ့စိတ်မှာ ထင်ကျန်ဆဲပဲ
ငါတစ်ယောက်တည်း ရှိလို့နေ ဒီမနက်ခင်းလေး
အိုး ... အတွေးမှာ မရည်ရွယ်ဘဲ ရောက်လာတယ် ဟိုအရင်က အတိတ်

တို့ရဲ့နေ့လေး မဟောင်းတဲ့နေ့

မာတိကာ သို့ .....